Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ လူမျိုး၊ ဘာသာမရွေး ဆက်လက်ထိုးနှံပေး

နေပြည်တော်   ဇန်နဝါရီ    ၅

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်း သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေးအသက် ၄၀ နှင့်အထက် ဒေသခံပြည်သူ များ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာ ဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ်  သုံးမြို့နယ်တို့၌ ဒေသခံပြည်သူ ၁၁၈၇ ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့၌ ဒေသခံ ပြည်သူ ၃၃၉၀၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် ငါးမြို့နယ်တို့၌ ဒေသခံပြည်သူ ၃၃၂၅ ဦး၊ မွန်ပြည်နယ် သထုံ မြို့နယ်၌ ဒေသခံပြည်သူ ၇၆၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့နယ်၌ ဒေသခံပြည်သူ ၂၅၃၈ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ငါးမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၄၁၁၁ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၇၈၀၅ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်လေးမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၆၄၂၀၊ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်နှင့် ချင်းပြည်နယ် ဟားခါးမြို့နယ်တို့၌ ဒေသခံပြည်သူ ၂၅၂ ဦး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၂ ခရိုင်ခုနှစ်ခုတို့မှ ဒေသခံပြည်သူ ၇၅၃၈ ဦး၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် ထန်းတပင်မြို့နယ်တို့၌ သံဃာတော်တစ်ပါးနှင့် ဒေသခံပြည်သူ ၁၂၈၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ် တို့၌ ကျောင်းသား၊ ကျောင်းသူ ၄၉ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၉၅၅ ဦးနှင့် ရခိုင်ပြည်နယ် ဂွမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ၁၈၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်