မန္တလေး ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သမဝါယမအသင်းစုနှင့် ချမ်းအေးသာစံမြို့နယ်ရှိ ရွှေပြည်သစ်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်တို့ ပူးပေါင်း၍ သမဝါယမအသင်း အချင်းချင်းချိတ်ဆက်ပြီး ဇန်နဝါရီ ၃ ရက်မှ စတင်ကာ ညောင်ဦး မြို့နယ်သမဝါယမအသင်းစု အနော်ရထာဆီစက်လုပ်ငန်းမှ မြေပဲဆီသန့် ၆၄၄ ပိဿာကို ဝယ်ယူ၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံသမဝါယမအသင်းများမှ အသင်းသား ပြည်သူများနှင့် သမဝါယမဦးစီးဌာန ဝန်ထမ်းများသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
ထိုသို့ ဖြန့်ဖြူးရောင်းချပေးခြင်းအားဖြင့် မြေပဲဆီသန့်နှင့် နေကြာ ဆီသန့်များကို စားသုံးသူ အသင်းသားပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ပြီး ဒေသတွင်း ဆီစားသုံးမှု ဖူလုံစေရန် ရည်ရွယ်၍ သမဝါယမကဏ္ဍမှ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်