နေပြည်တော် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် စတင်တာဝန်ထမ်းဆောင်လျက်ရှိသည့် နည်းပြ၊ သရုပ်ပြသစ်လွင်များအား တွေ့ဆုံပွဲကိုယနေ့တွင် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ်၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နည်းပြ၊ သရုပ်ပြ သစ်လွင်များတက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက ပညာရေးနှင့်ဆိုင်သော လိုအပ်ချက်များတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျိုင်းတုံ တက္ကသိုလ် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ထောက်ပံ့ချီးမြှင့်ငွေနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ASEAN FESTIVAL 2021 တက္ကသိုလ်များ ပွဲတော်တွင် ကျိုင်းတုံတက္ကသိုလ်မှ ပထမဆုနှစ်ဆု၊ နှစ်သိမ့်ဆု တစ်ဆုရရှိခဲ့သည့် ထူးချွန် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးအား ဆုများချီးမြှင့်ပေးကြောင်း သတင်းရရှိသည်။
သတင်းစဉ်