Jan 05, 2022
မြို့နယ်အချို့ရှိ ခရိုင်ပညာရေးမှူးရုံးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမား များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 05, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် အင်ဂါးကျေးရွာသို့ ရောက်ရှိနေသည့် KIA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ဖမ်းဆီး ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။
Jan 05, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။
Jan 05, 2022
တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များကို ချီးမြှင့်အပ်နှင်းပေးသည်။
Jan 05, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့၊ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင် ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။
Jan 05, 2022
ပြီးခဲ့သောရက်များအတွင်း နိုင်ငံတကာနှစ်သစ်ကူးနေ့၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့များနှင့်အတူ နှစ်ဦးချိန်ခါသမယကို ကောင်းသောမျှော်လင့်ချက်များဖြင့် ကြိုဆိုခဲ့ကြသည်။ နှစ်ဟောင်းတစ်ခုကုန်ဆုံး၍ နှစ်သစ်ဆီသို့ ဝင်ရောက်ချိန်တွင် မိမိတို့ဖြတ်သန်းကြရမည့် နှစ်သစ်တစ်လျှောက် အနှောင့်အယှက်၊ အခက်အခဲများ၊ ပင်ပန်းဆင်းရဲမှု၊ ကြမ်းတမ်း ခက်ထန်မှုများကို မည်သူမျှမကြုံတွေ့လို။ ငြိမ်းအေးချမ်းသာမှု၊ သာယာဝပြောမှု၊ ချောမွေ့ဖြောင့်တန်းမှုတို့ကိုသာ လူတိုင်းကိုယ်စီ အလိုရှိကြသည်သာ ဖြစ်သည်။
Jan 05, 2022
"နိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးဆုံးရှုံးရန် အတွက် ရက်ပိုင်းလပိုင်းမျှသာပေးဆပ်ခဲ့ရပါသည်။ နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်ရေးဆုံးရှုံးရသည်ထက် ကြီးမားသည့် ဆုံးရှုံးမှုမရှိသောကြောင့် မိမိတို့နိုင်ငံ၏အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးအတွက် နိုင်ငံသားအားလုံးတို့တွင် ထိန်းသိမ်းစောင့်ရှောက်ရန် အပြည့်အဝ တာဝန်ရှိပါသည်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
Jan 04, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Jan 04, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာနမှဦးဆောင်၍ အထောက်အကူပြု ဝန်ကြီးဌာနများဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲ၊ ရွှင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းခွဲ (သပြေကုန်း)၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
Jan 04, 2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျင်းပရာ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး တက်ရောက်၍ ဆုချီးမြှင့်သည်။