Nov 09, 2021
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည်မှာ ဒုတိယ ရက်သတ္တပတ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့နိုင်ငံမှ ကျောင်းသား ကျောင်းသူများမှာလည်း ကျောင်းများပိတ်ရပြီး စာသင်ပျက်ခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ်တွင် စာသင်နှစ်တစ်နှစ် ဆုံးရှုံးခဲ့ရပြီး ကျောင်းသူ ကျောင်းသားတို့ အသက်တစ်နှစ် ကြီးပြင်းခဲ့ရသည်။ ၂၀၂၁ ခုနှစ် စာသင်နှစ်တွင်မူ စာသင်နှစ်အစ တစ်လကျော်ခန့်သာ သင်ကြားခဲ့ရပြီး ကပ်ရောဂါ လှိုင်းမြင့်တက် လာမှုကြောင့် ကျောင်းများ တစ်ဖန်ပြန်၍ပိတ်ခဲ့ရပြန်သည်။ ယခု ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု ငါးရာခိုင်နှုန်း အောက်သို့လျော့ကျ လာမှုနှင့်အတူ အသက် ၁၂ နှစ်အထက် ကလေးများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှု စိတ်မချရသေးသည့် မြို့နယ် ၄၀ ကျော်မှလွဲ၍ ကျန်မြို့နယ်များတွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အခါတွင်မူ အကြမ်းဖက်အဖွဲ့အစည်းများ၏ ကျောင်းမတက်ရေး၊ ကျောင်းမအပ်နှံရေးလှုံ့ဆော်မှုများ၊ ခြိမ်းခြောက်မှုများနှင့် သတ်ဖြတ် တိုက်ခိုက်မှုများပါ ပေါ်ပေါက်လာသည်။
Nov 08, 2021
လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့် ခံစားနေစဉ် ၎င်းဒဏ်ရာဖြင့် သေဆုံးသွားသည့် လှိုင်သာယာမြို့နယ်၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ ရွှေလင်ပန်းစက်မှုဇုန်ရုံးခွဲတွင် အကျုံးဝင် မှတ်ပုံတင်ထားသော Super Capital Power Co.,Ltd မှ အာမခံ အလုပ်သမားဖြစ်သူ ဦးလှဝင်း၏ အာမခံအလုပ်သမား ကျန်ရစ်သူ အကျိုးခံစားခွင့် ပေးအပ်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက Super Capital Power Co.,ltd အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 08, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် -
Nov 08, 2021
မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာပညာရေးဒီဂရီကောလိပ်တို့၌ နည်းပြသရုပ်ပြ ဆရာ ဆရာမ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ တက္ကသိုလ်များရှိ ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။
Nov 08, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဘဏ္ဍာရေးနှင့်ဌာနတွင်းစာရင်းစစ် ပညာမွမ်းမံ သင်တန်းအမှတ်စဉ် (၁/ ၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ ၌ ကျင်းပသည်။
Nov 08, 2021
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
Nov 08, 2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်-ပုသိမ် လမ်းမ၊ ရန်ကုန်-ညောင်တုန်းလမ်းဆုံမှ တပင်ရွှေထီး လမ်းအကြား ရေနုတ်မြောင်း အရှည်ပေ (၁၃၀၀၀) တစ်လျှောက် အမှိုက်များ၊ မြောင်းချေးများ တူးဖော်ဆယ်ယူ ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
Nov 08, 2021
မွေးမြူရေးလုပ်ငန်းတွင် အစာကျွေးမွေးစရိတ်သည် ၇ဝ ရာခိုင်နှုန်းထိ ကုန်ကျလျက်ရှိရာ အဆိုပါကုန်ကျစရိတ်ကို လျှော့ချခြင်းဖြင့် မွေးမြူရေးတောင်သူတို့ တွက်ခြေကိုက် ပိုမိုအမြတ် ရရှိနိုင်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအနေဖြင့် ပရိုတိန်း ၁၅ ရာခိုင်နှုန်းထိ ပါဝင်သော မြက်ချိုပင်များကို သုတေသနပြု စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
Nov 08, 2021
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်/ မန္တလေး) တို့မှ ၁၃၇၉-၈၀ ခု၊ ပညာသင်နှစ် တွင် သာသနတက္ကသီလဓမ္မပါရဂူ (Ph.D.) ဘွဲ့ (၁) ပါး၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ (M.A) ဘွဲ့ (၁၆) ပါးနှင့် သာသနတက္က သီလဓမ္မာ စရိယ (B.A) ဘွဲ့ (၁၂၁) ပါး၊ စုစုပေါင်း (၁၃၈) ပါးတို့အား ဘွဲ့ဆက်ကပ်မည့်
Nov 08, 2021
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်မ၌ ကျင်းပသည်။
Nov 08, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် နိုဝင်ဘာ ၅ ရက်က ရန်ကုန် အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပဋိဇီဝ ဓါတ်ကြွင်းနှင့် ဗိုင်းရပ်ပိုးစစ်ဆေးရေးဓါတ်ခွဲခန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
Nov 08, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ ကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၅) ခုမှ ယာဉ်စီးရေ (၇) စီးဖြင့် အောက်စီဂျင် အိုးခွံ (၁၆၀)၊ အောက်စီဂျင် Plant (၁)ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၁၃) ခု၊ PPE ဝတ်စုံ (၁၈၈၀၀) နှင့် နှာခေါင်းစည်း (Mask) (၄၄) တန်တို့ကို တင်သွင်းခဲ့ပြီး အောက်ဆီဂျင် Plant (၁)ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။
Nov 08, 2021
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌
Nov 08, 2021
၂၀၂၁ ခုနှစ် ကိုရီးယား သံအမတ်ကြီးဖလား အွန်လိုင်းတိုက်ကွမ်ဒို ကကွက် ချန်ပီယံရှစ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ဆက်လက် ကျင်းပသည်။
Nov 08, 2021
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၆ ရက် နံနက် ၁၁ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ် ၇၄လမ်းနှင့် ၁၁၈ လမ်းထောင့်ရှိ တည်းခိုခန်း အနီးတွင် မအေးသန်း၊ ဇော်မိုးသန်း၊ ဦးသန်းမင်း၊ မစန်းစန်းရီနှင့် မရီရီစိုးတို့ကို မူးယစ်ဆေးဝါးများ လွှဲပြောင်း လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းအရ စစ်ဆေး ရှာဖွေရာ မအေးသန်းထံမှဘိန်းဖြူ သုည ဒသမ ၄၄ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၄၀၀ ကိုလည်းကောင်း။
Nov 08, 2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ တို့သည် ယနေ့နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းမဘေး မြို့နယ်စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Nov 08, 2021
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် တတ်ကြွစွာပါဝင်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုပွဲကို ယနေ့ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြိး၊ မဟာအောင်မြေမြိုနယ်၊ ရတနာပုံခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ တက်ရောက်ကြသည်။
Nov 08, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၆ ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၂ ဦးကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၇၅ ဦး၊ အမျိုးသမီး ၂၂၂ ဦး၊ စုစုပေါင်း ၄၉၇ ဦးတို့ကို လည်းကောင်း အသီးသီး လက်ခံခဲ့ကြသည်။
Nov 08, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂) နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
Nov 08, 2021
ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
