Nov 11, 2021
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးအတ္တကို အခြေခံ၍ နိုင်ငံတော်၏ လည်ပတ်နေသော အုပ်ချုပ်ရေးယန္တရားကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက် လုပ်ရပ်များကို နေရာအချို့၌ ကျူးလွန်လုပ်ဆောင်လျက်ရှိရာ ကျောင်းများ ပြန်လည် ဖွင့်လှစ်လျက်ရှိ သည့် ယခုအချိန်တွင်လည်း ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၊ ပညာသင်ကြားပေး နေသည့် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ၊ မိဘအုပ်ထိန်းသူများ ကြောက်ရွံ့ ထိတ်လန့်စေရန် လုပ်ကြံသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအား မိုင်းထောင် ဖောက်ခွဲခြင်းတို့အထိပါ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြသည်။
Nov 11, 2021
အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG အဖွဲ့သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူလူထုအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ကျန်းမာရေး ကိစ္စရပ်များအတွက် အလေးထား အသုံးပြုလျက်ရှိသော လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူလူထုအား စိုးရိမ်ထိတ်လန့်စေ၍ မြို့၊ ရွာများတွင် မနေထိုင်ရဲစေရေး မြို့၊ ရွာများအား မီးရှို့ဖျက်ဆီးခြင်းများအပြင် ဒလန်ဟု စွပ်စွဲ၍ သတ်ဖြတ်ခြင်းများကိုပါ ကျူးလွန် လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
Nov 11, 2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂၀၂၀ ပြည့်နှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသောစာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်ကြေညာသည်။
Nov 11, 2021
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံးအားထုတ် ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာပေပညာရှင် ဆရာကြီး ဦးမောင်မောင်လတ်(နောင်)၊ စာပေပညာရှင်ဆရာကြီး ဦးစိန်လှိုင်(သူရဇော်)နှင့် စာရေးဆရာမကြီး ဒေါ်ချိုချိုတင်(မစန္ဒာ)တို့အား ၂၀၂၀ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာ ဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း ကြေညာသည်။
Nov 11, 2021
ယနေ့ကာလတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့ကျလာပြီဖြစ်၍ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်ပြီးနောက် အဆင့်မြင့် ပညာကျောင်းများ ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ပညာအမွေပေးဝေရေးအတွက် အခြေခံပညာ ဆရာ ဆရာမများနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ဆရာ ဆရာမများ သစ်လွင်ကြိုဆိုပွဲများ၊ မွမ်းမံသင်တန်းဖွင့်လှစ်ပွဲများကို မြင်တွေ့ရသည်မှာ နိုင်ငံအတွက် ဝမ်းမြောက်ဖွယ်၊ အားတက်ဖွယ်ဖြစ်သည်။
Nov 11, 2021
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းဆောင်ရည်ရှိသော လူ့အဖွဲ့အစည်း တစ်ရပ်လိုအပ်သည်။ နိုင်ငံတစ်နိုင်ငံ၏ လူ့အဖွဲ့အစည်းသည် အလုပ်လုပ်နိုင်သည့် စွမ်းရည် (The ability to work) နှင့် အလုပ်လုပ်လိုသည့်စိတ် (The will to work) တို့ရှိနေမှသာ ၎င်းနိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ရှိမည်ဖြစ်သည်။ နောက်ထပ်လိုအပ်ချက်တစ်ရပ်မှာ လူ့အဖွဲ့အစည်း၏ အရည်အသွေးနှင့် အရည်အချင်း တို့ကို သက်ဆိုင်ရာ အစိုးရများက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထိရောက်ဆုံး အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ယင်းသို့ အသုံးပြုရာတွင် အစိုးရက တိုက်ရိုက်အသုံးပြုခြင်းနှင့် ပြည်သူတို့က မိမိတို့ အသိစိတ်ဓာတ်ဖြင့် အသုံးပြုလာအောင် သွယ်ဝိုက်၍ အခြေအနေများ ဖန်တီးပေးရန် လိုအပ်သည်ဟု ပညာရှင်များက ဆိုကြသည်။
Nov 10, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မှုကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်းအား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်ပြီဖြစ်၍ ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား တစ်ဆင့်ချင်း ဖြေလျှော့ပေးလျက်ရှိရာ ပြည်တွင်းလေယာဉ်စီးခရီးသည်များ အဆင်ပြေချော မွေ့စေရေးအတွက် ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲစမ်းသပ်ချက်ကို Check-in ဝင် သည့်အချိန်၌ တင်ပြနိုင်ရန်အတွက် -
Nov 10, 2021
နေပြည်တော် နိုဝင်ဘာ
Nov 10, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ(၂)ခုမှ ယာဉ်စီးရေ(၂)စီးဖြင့် အောက်ဆီဂျင်အရည် Bowser (၁)စီး တန်(၂၀) ၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက်(Oxygen Generator) (၂)ခုနှင့် နှာခေါင်းစည်း (Mask) (၈၆)တန်တို့ကိုတင်သွင်းခဲ့ပြီး OxygenBowser ယာဉ်(၁)စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။
Nov 10, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် နိုဝင်ဘာ (၆) ရက် ညနေပိုင်းတွင် မှော်ဘီမြို့နယ် ကန်ကလေး လျှပ်စစ် မြစ်ရေတင်လုပ်ငန်း ခွင်သို့ရောက်ရှိပြီး ပင်မရေငြိမ်ကန်၊ ပင်မရေပေးမြောင်း တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလပြီးစီးရေး ဆွေးနွေးမှာကြားသည်။
Nov 10, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်၍ နိုင်ငံတကာရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလာမ် နိုင်ငံက ဦးစီးကျင်းပသည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ သီးသန့် အစည်းအဝေး (ADMM Retreat) နှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့် အာဆီယံ-ကိုရီးယား ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေး၊ အာဆီယံ-ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးများသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
Nov 10, 2021
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအပေါ် လုပ်ကိုင်ခွင့်ရရှိထားသူများအနေဖြင့်လည်း ယင်းမြေကို လွှဲပြောင်းခြင်း ရောင်းချပေါင်နှံခြင်းများ ဆောင်ရွက်ခွင့်မရှိပဲ သတ်မှတ်ချက် များနှင့်အညီ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် ထိန်းကျောင်းကြပ် မတ်မှုများကို ဆောင်ရွက်သွားရန်လိုကြောင်း ယနေ့ နံနက်ပိုင်းက ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
Nov 10, 2021
အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်အတွက် “လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲ” အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Nov 10, 2021
စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ အခက်အခဲများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ညှိနှိုင်းအစည်အဝေးကို ယနေ့ နံနက် ၁၀နာရီတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ Virtual ဖြင့် ကျင်းပသည်။
Nov 10, 2021
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများကို ကြည့်ရှု စစ်ဆေးသည်။
Nov 10, 2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ မီဒီယာများအား တွေ့ဆုံမိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပသည်။
Nov 10, 2021
တက္ကသိုလ်၏ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သင်ကြားမှုသင်ယူမှုများတွင် အထောက်အကူဖြစ်စေ နိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၏ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျင်းပပြုလုပ်သည့် ထိန်းသိမ်းစဉ်လာအနုပညာ ဘာသာရပ်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ ကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ တက္ကသိုလ်၏ အနုပညာခန်းမ သရဖီဆောင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
Nov 10, 2021
ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ (၁၀)ရက်အတွင်း ကျရောက်သော အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အဖြစ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့၊ ယခုပင် ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။
Nov 10, 2021
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြမည့် သရုပ်ပြ၊ နည်းပြ ဆရာ ဆရာမများနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ၂ နာရီက အောင်မြေသာစံ မြို့နယ် အဆိုပါတက္ကသိုလ်ရှိ သီရိရတနာ ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 10, 2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီ တွင် ရန်ကင်းမြို့နယ် (၈)ရပ်ကွက် နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုးတို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေး ချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ် ကြရန် မှာကြားသည်။
