Nov 10, 2021
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေး ရေးအဖွဲ့သည် ယနေ့တွင် ကော့သောင်း အကျဉ်းထောင်နှင့် ကော့သောင်းမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး အချုပ်ခန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 10, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ငါးလုပ်ငန်းအတတ်သင်သိပ္ပံ ကျောင်းသို့ သွားရောက်စစ်ဆေးသည်။
Nov 10, 2021
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက စာပေ ဗိမာန် စာမူဆု စာပဒေသာ ဒုတိယဆုရ “မင်းသျှင်အောင်(တွံတေး)” ရေးသားသည့် “ရာမဇာတ်ထဲက ရေကျော်မောင်မောင်” စာအုပ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလအသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များ ထံသို့ ဖြန့်ချိလျက် ရှိပါသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ်(၅၂၉/၅၃၁) ကုန်သည် လမ်းရှိ စာပေဗိမာန် စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးများမှတစ်ဆင့်လည်းကောင်း၊ စာတိုက်မှ တစ်ဆင့် လည်းကောင်း ပေးပို့လျက်ရှိပါသည်။
Nov 10, 2021
မန္တလေးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲ ရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁၂နာရီခွဲတွင် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 10, 2021
ချင်းပြည်နယ်အတွင်း ကော်ဖီသီးနှံတိုးချဲ့ စိုက်ပျိုးရေးကို Pilot Project အဖြစ် မြို့နယ်ပေါင်း ကိုးမြို့နယ်အနက် လေးမြို့နယ်ဖြစ်သော တွန်းဇံ ကန်ပက် လက်၊ တီးတိန်၊ မင်းတပ်မြို့နယ်တို့ရှိ ကျေးရွာပေါင်းငါးရွာတွင် သမဝါယမအသင်းများဖွဲ့စည်းကာ ကော်ဖီဧက ၂၃၀ တိုးချဲ့စိုက်ပျိုး နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Nov 10, 2021
မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တော အနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ် ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိ ရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများသည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ် ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေသူများ ဖြစ်ပါသည်။
Nov 10, 2021
ယနေ့လက်ရှိ ပြည်သူများ၏ နေထိုင်မှုဘဝများအား စိုးရိမ်ထိတ်လန့်မှုဖြစ်စေရန် ခြိမ်းခြောက်မှု၊ အနာဂတ်တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာရေးကို ထိပါးနှောင့်ယှက်ခြိမ်းခြောက်မှုများသည် ကမ္ဘာပေါ်ရှိပြည်သူများ လုံးဝလက်မခံသည့် အကြမ်းဖက်လုပ်ရပ်များဖြစ်သည်။ ယနေ့အချိန်အခါတွင် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေသောအခါ၌ အချို့မြို့ပြ ကျေးလက် အချို့တွင်ပုန်းခိုလှုပ်ရှားနေသော အကြမ်းဖက်သမားများက အလစ်အငိုက်တိုက်ခိုက် ဖျက်ဆီးနေကြသည်။
Nov 10, 2021
မိုးလေလွတ်ကင်းသည့် ပွင့်လင်းရာသီသည် ပုံမှန်အားဖြင့်ဆိုပါက ခရီးသွားရာသီပင်ဖြစ်ပြီး ခရီးသည်များသွားရောက်လည်ပတ်လေ့ရှိ သည့် နေရာများတွင် ပြည်တွင်းပြည်ပ ခရီးသည်များနှင့် စည်ကား နေလေ့ရှိသည်။ ကိုဗစ်- ၁၉ ကပ်ရောဂါနိုင်ငံအတွင်းသို့ဝင်ရောက်လာ ခြင်းနှင့် နိုင်ငံရေးအပြောင်း အလဲကာလလုံခြုံရေးအခြေအနေ စသည်တို့က ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများကို ရပ်တန့်သွားစေခဲ့ပြီး သည့်နောက်တွင် ဆက်စပ်နေသည့်လုပ်ငန်းများပါ ရပ်တန့်သွားခဲ့ သလိုဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍမှ ကျွမ်းကျင်သူများမှာလည်း ဘဝရပ်တည်နိုင်ရေး အတွက် အခြားလုပ်ငန်းများဆီသို့ ပြောင်းရွှေ့ သွားကြရသည်။
Nov 09, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၇/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Nov 09, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
Nov 09, 2021
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စတုတ္ထအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများစတင်ကြောင်း အသိပေးကြေညာခြင်း အခမ်းအနားကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 09, 2021
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်း သား ရိုးရာယဉ်ကျေးမှု ပြန့်ပွားရေးနှင့် တိုင်းရင်းသားဒေသ ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန် ရည်ရွယ်၍ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” (တတိယ)အကြိမ် ပွဲတော် စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Nov 09, 2021
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့ မွန်းလွဲ (၁)နာရီတွင် ကရင်ပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
Nov 09, 2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံမှု မရှိစေရေး အသိပညာပေး နှိုးဆော်မှုကို ယမန်နေ့ညနေ (၄) နာရီအချိန်က မိုင်းခတ် မြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် ပါဆံကျကျေးရွာတွင် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော် ခဲ့ကြောင်း သိရသည်။
Nov 09, 2021
နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH၊ NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂၃ ရက်တွင် အေးချမ်းစွာနေထိုင်လိုသော တာဝန်သိ ပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးပူးပေါင်း အဖွဲ့သည် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ သီဟိုဠ်ကျောင်းလမ်း၊ အမှတ်(၅၆၁)နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်ကောင်းစံ(ခ) ကောင်းကောင်း(၁၇)နှစ်၊ ရှိုင်းအောင်(ခ)ဝိုင်းချစ်(၂၂) နှစ်နှင့် နေမင်းထက်(၁၈)နှစ်တို့ သုံးဦးကို လက်လုပ်ဗုံးနှစ်လုံး၊ ဗျောက်အိုး ၂၂ ဘူး၊ ဓါတ်ငွေ့ကာ မျက်နှာဖုံး ၃ ခု၊ ဓါတ်ငွေ့ကာမျက်မှန် ၃ ခုနှင့် အခြားဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။
Nov 09, 2021
သင်တန်းကျောင်းများတွင် ကာကွယ်စောင့်ရှောက်ထားသော ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝ ရပ်တည်ရေးအတွက် ဆောင်ရွက်ပေးရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 09, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၇ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင် မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီးတစ်ဦးကို လည်းကောင်း၊ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၇၁ ဦး၊ အမျိုးသမီး ၁၀၈ ဦး၊ စုစုပေါင်း ၂၇၉ ဦးတို့ကိုလည်းကောင်း အသီးသီးလက်ခံခဲ့ကြသည်။
Nov 09, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူ များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Nov 09, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ် မှုဖြင့် စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြားငွေ ၁၉ သန်းဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီ တန်ချိန် ၁၆၁၃၈ ဒသမ ၃၃၊ ပိဿာချိန် ၁၈၇၆၆၅၇ ကို တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၃၇၀၀ နှုန်းဖြင့် စက်တင်ဘာ ၂၀ ရက်မှစ၍
Nov 09, 2021
အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH နှင့် NUG တို့က တိုင်းပြည်အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်ဖြင့် သွေးထိုးမြှောက်ပင့် ထောက်ပံ့ပေးမှုများကြောင့် ပြည်တွင်းမှ အစွန်းရောက် များနှင့် အကြမ်းဖက်သမား PDF များက နိုင်ငံအတွင်း အချို့ဒေသများ၌ ဆန့်ကျင်ဘက် ပါတီဝင်များ၊ အစိုးရကိုထောက်ခံသူ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်မှု သတင်းများကို စိတ်မချမ်းမြေ့ဖွယ်ကြားသိနေရသည်။
