Nov 08, 2021
မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တော အနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ်ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများသည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ်ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေသူများ ဖြစ်ပါသည်။
Nov 08, 2021
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ မိုင်းခွဲ တိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ယခင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေးတာဝန်ခံ၊ ယခုအကြမ်းဖက် CRPH/NUG ၏ နိုင်ငံရေးနှင့်လုံခြုံရေး အကြံပေး ကျော်မင်းယု(ခ)ဂျင်မီအား အောက်တိုဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံအိမ်ရာဝန်းအတွင်းရှိ အမှတ်(၁၀၉/B) ၂ ထပ်တိုက် နေအိမ်၌ ဖမ်းဆီးရမိခဲ့ပါသည်။
Nov 08, 2021
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက် ရှိသည်။
Nov 08, 2021
ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားများ၏အရည်အချင်းက အရေးကြီးသည်။ နိုင်ငံသားကောင်းတစ်ဦး ဖြစ်ရန်အတွက် ဉာဏ်အမြော်အမြင် ရှိရန်၊ မိမိကိုယ်မိမိထိန်းသိမ်းနိုင်ရန်နှင့် အမှားအမှန်ကို ခွဲခြားနိုင်သည့် အသိစိတ်ရှိရန်လိုအပ်သည်။ ဆန့်ကျင်ဘက်အနေဖြင့်မူ ပျင်းရိခြင်း၊ ကိုယ်ကျိုးစီးပွားဦးစားပေးခြင်း၊ ပါတီစွဲစိတ်ဓာတ်ရှိခြင်းတို့ပင် ဖြစ်သည်။ ယင်းအမူအကျင့်များက နိုင်ငံ သားကောင်းမဖြစ်နိုင်သည့် အမူအကျင့်များပင် ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးပါတီများ တစ်ပါတီမက ရှိနေမည်ဖြစ်ပြီး တစ်ပါတီနှင့်တစ်ပါတီ သည်လည်း မူဝါဒ၊ လမ်းစဉ်၊ တွေးခေါ်မြော်မြင် မှုများ ကွဲပြားခြားနား နေကြမည်သာဖြစ်သည်။ သို့ရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံသူ နိုင်ငံသား များ၏လူမှုစီးပွားဘဝများ ကောင်းမွန်ရေးတို့ကို မိမိတို့ ပါတီများ၏ အကျိုးစီးပွားများထက် ပိုမိုဦးစားပေးကြရမည်။ ပြည်သူကို အလုပ်အကျွေးပြုကြရမည်ဖြစ်သည်။
Nov 08, 2021
မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ အေးအတူပူအမျှ စုပေါင်းနေထိုင်ကြသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ယဉ်ကျေးမှုအနုပညာများသည် နှစ်ပေါင်းရှည်ကြာ တည်တံ့ခဲ့သည်။ ထိုသို့ တိုင်းရင်းသားပြည်သူများ စုစည်းညီညွတ်စွာ အတူတကွ နေထိုင်ခဲ့ကြရာမှ ကိုလိုနီနယ်ချဲ့လက်အောက်သို့ ကျရောက်သွားသော အချိန်တွင် သွေးခွဲအုပ်ချုပ်မှုများကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမ အချင်းချင်း စည်းလုံး ညီညွတ်မှုပျက်ယွင်းခဲ့သည်။
Nov 07, 2021
(၇-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ
Nov 07, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းနှင့် မြဝတီကုန်သွယ်ရေး ဇုန်တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၃) ခုမှ ယာဉ်စီးရေ (၃) စီးဖြင့် ၊ အောက်ဆီဂျင် (အရည်) Bowser (၁) စီးဖြင့် တန် (၂၀) ၊ Oxygen Plant (၁) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ခု (၈၀) ၊ PPE ဝတ်စုံ (၁၀၀၀) နှင့် နှာခေါင်းစည်း
Nov 07, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယနေ့တွင် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း ရွှေရတုအထိမ်းအမှတ် ခန်းမဆောင်တွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းစီမံအုပ်ချုပ်ရေး ဝန်ထမ်းများကို တွေ့ဆုံအမှာစကားပြောကြား၍ ဆန်၊ ဆီ နှင့် စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်သည်။
Nov 07, 2021
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အင်းရှည်ကျေးရွာအနီးရှိ သထုံစက်မှုနယ်မြေနှင့် အမှတ်(၂၁) အကြီးစားစက်ရုံသို့ ရောက်ရှိပြီး စက်မှုနယ်မြေ (သထုံ) ကို ရာဘာအခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်မည့် စက်မှုလုပ်ငန်များ ထူထောင်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ရှိပြီး အခြေခံအဆောက် အဦများနှင့် မြေနေရာများကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ရန်၊ အမှတ်(၂၁) အကြီးစားစက်ရုံအနေဖြင့် စက်ရုံရှိ နည်းပညာနှင့် အရင်းအမြစ်များကို အကျိုးရှိအောင် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန်များကို Business Plan ရေးဆွဲဆောင်ရွက်ရန် မှာကြားကာ စက်မှုနယ်မြေအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
Nov 07, 2021
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာ PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက် မှုအား ကိုယ်တိုင်ခံစားခဲ့ရသူများ၏ ပြောဆိုချက်
Nov 07, 2021
ကိုရီးယားနိုင်ငံက ကြီးမှူး၍ ယူနက်စကိုနှင့် ICM အဖွဲ့အစည်းများက ပူးပေါင်းကျင်းပသည့် လေးကြိမ်မြောက် International Martial Arts Photo Contest ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာနိုင်ငံက အမြင့်ဆုံးဆု Grand Prize ဆုအပါအဝင် ဆုပေါင်း ခုနစ်ဆုကို ရရှိကြသည်။ ဆုရရှိသူများမှာ Grand Prize ဆု အောင်မိုး၊ ငွေတံဆိပ်ဆု ပြည့်စုံအောင်၊ ကြေးတံဆိပ် ဆု ကျော်ဇေယျာလင်း၊ Fine Work ဆုများအဖြစ် အောင်ထူးသူ၊ ချမ်းသာအောင်၊ အရိုးနေချာလတ်၊ မြတ်ဇော်ဟိန်းတို့ ရရှိကြသည်။
Nov 07, 2021
မြန်မာ့လူ့အဖွဲ့အစည်းသည် စည်းနဲ့၊ ကမ်းနဲ့၊ ဘောင်နဲ့စသည်ဖြင့် စည်းနှင့်ဘောင်ကို နေရာအတော်များများတွင် အလေးဂရုပြုပြောဆိုလေ့ရှိကြသလို တစ်စုံတစ်ရာ စဉ်းစားတွေးခေါ်ကြရသည့် အခါတွင် စည်းဘောင်အတွင်း မှသာ အခြေပြုစဉ်းစား လေ့ရှိကြသည်။ တစ်နည်းဆိုရသော် အတွေးအမြင်တို့ကို ထုံးဓလေ့အစဉ်အလာ၊ လုပ်ရိုးလုပ်စဉ်များ ကိုအခြေခံ၍ ဘောင်ခတ်ပစ်လိုက်ခြင်းလည်း မည်ပေသည်။ ဤသည်မှာ မကောင်းဟုဆိုရန် ခက် သော်လည်း ရံဖန် ရံခါတွင်မူ ဘောင်ခတ်ခြင်းကြောင့် ဖွံ့ဖြိုးမှုတို့ အကန့်အသတ်ဖြစ်စေတတ်သည်ကို တွေ့ရပြန်သည်။ ထိုအခါ အခြေအနေကိုလိုက်၍ ဘောင်ခတ်သင့်/မခတ် သင့်၊ ဘောင်ပြင်ထွက်၍ စဉ်းစားသင့်/မစဉ်းစားသင့်ကို ဦးစွာ ချင့်တွက်ချိန်ဆကြည့်ဖို့ လိုလာသည်။
Nov 07, 2021
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်ဖလားလျှပ်တစ်ပြက်ဖိတ်ခေါ် လက်ရည်စစ်လှေလှော်ပြိုင်ပွဲ နောက်ဆုံးနေ့ ပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီတွင် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် အင်းလျားကန်၌ ကျင်းပသည်။
Nov 07, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် နိုဝင်ဘာ ၅ ရက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် သထုံမြို့တို့ရှိ နယ်မြေခံတပ်ရင်း များ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Nov 07, 2021
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အရ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲစနစ် ကျင့်သုံးခဲ့သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်ပါတီရွေးကောက်ပွဲ စနစ်ကျင့်သုံးခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ပါတီစုံရွေးကောက်ပွဲစနစ်ကျင့်သုံးခဲ့ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀၊ ၂၀၁၅၊၂၀၂၀ ပါတီစုံရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့သည်။
Nov 07, 2021
မြန်မာနိုင်ငံနှင့် သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် လျက်ရှိသည်။ ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲစနစ်များတွင် မဲများသူ အနိုင်ရသည့်စနစ် (First Past he Post-FPTP)၊ အချိုးကျကိုယ်စားပြုစနစ် (Proportional Representation-PR)၊ တစ်စိတ်တစ်ပိုင်းအချိုးကျစနစ် (SemiProportional System) တို့ရှိသည့်အနက် အချိုးကျကိုယ်စားပြု စနစ် (PR) ကို အဓိကထား၍ ဆွေးနွေး နေခြင်း ဖြစ်သည်။
Nov 07, 2021
ကရင်ပြည်နယ်သည် တောတောင်ရေမြေ သဘာဝရှုခင်းများနှင့် ရေခံမြေခံကောင်းမွန်သော ဒေသတစ်ခုဖြစ် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများ၊ ပြည်တွင်း/ပြည်ပခရီးသွားလုပ်ငန်းများကို ကောင်းမွန်စွာဆောင်ရွက်နိုင်
Nov 07, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိသည်။
Nov 07, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂) နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
Nov 07, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင် ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၅ ရက်နေ့တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၅ ဦး၊စုစုပေါင်း ၃၃ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၄၅ ဦးတို့ကိုအသီးသီးလက်ခံ ခဲ့ကြသည်။
