Nov 12, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Nov 12, 2021
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Nov 12, 2021
မြန်မာနိုင်ငံသားများဖြစ်ကြသည့် တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများကို ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်း ဖြစ်သည့် ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ (၆) လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂ ရက်၊ ၅ ရက်၊ ၉ ရက်နှင့် ၁၂ ရက်တို့တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Nov 12, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ ရက်မှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရောင်းချပေးလျက်ရှိပြီး 92 Ron (၃၃,၉၄၂,၆၇၉) လီတာ၊ ဒီဇယ် (၁၈,၆၇၇,၈၈၂) လီတာနှင့် Premium ဒီဇယ် (၂၉,၄၈၄,၉၉၁) လီတာတို့ကို ဖြန့်ဖြူးရောင်းချပေး ထားပြီးဖြစ်သည်။
Nov 12, 2021
တိမ်မြုပ်ပျောက်ကွယ် လုနီးပါးဖြစ်နေသည့် မြန်မာ့ရုပ်စုံသဘင် ရိုက်ကူးထုတ်လွှင့်ပြသနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လောကနတ်အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 12, 2021
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ယနေ့ကျင်းပသော အာဆီယံ၏ ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများနှင့် ကျင်းပသော (၁၉) ကြိမ်မြောက် အာဆီယံ- ဂျပန် ပို့ဆောင်ရေး ဝန်ကြီးအစည်းအဝေး၊ (၁၂) ကြိမ်မြောက် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေးဝန်ကြီး အစည်းအဝေးနှင့် အာဆီယံနှင့်ဆွေးနွေးဘက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အထူးအစည်း အဝေးများသို့ အဆိုပါ ဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
Nov 12, 2021
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး၊ ကုန်သွယ်မှုပမာဏ ပိုမိုတိုးတက်လာစေရေးနှင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အကောက်များ အပြည့်အဝရရှိစေရေး၊ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေးတို့ကို ရည်ရွယ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဦးဆောင်၍ တောင်ကုတ်မြို့ ဆိပ်ကမ်း ကုန်ပစ္စည်းစစ်ဆေးရေးစခန်း Check Point ကို နိုဝင်ဘာ ၁၀ ရက် နံနက် ၉ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ တောင်ကုတ်မြို့မှ မြို့မိမြို့ဖများ၊ Check Point အဖွဲ့မှ ဌာနဆိုင်ရာတာဝန်ခံများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်သည်။
Nov 12, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီစီစဉ် ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မြဝတီနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၃) ခုမှ ယာဉ်စီးရေ (၉) စီးဖြင့် အောက်စီဂျင်အိုးခွံ (၃၆၀၂)ခု၊ အောက်ဆီဂျင် plant(၂)ခု၊ လုပ်ငန်းသုံးအောက်စီဂျင်စက် Oxygen Generator (၆) ခုနှင့် နှာခေါင်းစည်း (Mask) (၁၇) တန် တို့ကိုတင်သွင်းခဲ့သည်။ အောက်စီဂျင် plant (၂) ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။
Nov 12, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr. Saurabh Kumar နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Nov 12, 2021
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 12, 2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာနေ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်စိန်ကြည် (၄၅) နှစ်နှင့် ခင်ပွန်းဖြစ်သူသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က နေအိမ်အတွင်း ထိုင်နေစဉ် လက်နက်ကိုင်အကြမ်းဖက်သမား ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
Nov 12, 2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာရှိ မင်္ဂလာမှန်ကျောင်း၊ ကျောင်းထိုင် ဆရာတော် ဦးသောမဏ (၄၈)နှစ် ၊ ဝါတော် (၂၈) ဝါသည် ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဆွမ်းစားဆောင်၌ သံဃာတော် ၃ ပါးနှင့်အတူ ဆွမ်းဘုန်းပေးနေစဉ် အမည်မသိ လူ ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး သေနတ်အတိုဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
Nov 12, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့် ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ ချင်းရွှေဟော်၊ မြဝတီနှင့် ကျိုင်းတုံကုန်သွယ်ရေး စခန်းတို့မှတင်သွင်းရာ၌ ကုမ္ပဏီလေးခုမှ ယာဉ်ငါးစီး ဖြင့် အောက်ဆီဂျင်(အရည်) Bowser တစ်စီး ၁၆ တန်၊ အောက်ဆီဂျင်အိုးခွံ ၉၆၀၊ Oxygen plant တစ်ခု၊ လက်အိတ်၂၈ တန်နှင့် နှာခေါင်းစည်း (Mask) ( ၁၈ တန်တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ မြဝတီကုန်သွယ် ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant တစ်ခု မှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။
Nov 12, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေး ကို အထောက် အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ် လုပ်မှုရာ နှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက် ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
Nov 12, 2021
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီက ပြည်သူများအကြား မြန်မာစာပေ အကျိုးကို ထူးချွန် ပြောင်မြောက်စွာ တစ်သက်တာလုံး ကြိုးပမ်းရေးသားပြုစုခဲ့သူများအား လေးစားအသိ အမှတ်ပြုသောအားဖြင့် ၂ဝ၂ဝ ပြည့်နှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုတို့ကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ၌ ဆုရရှိသော စာရေးဆရာကြီး များအား မြန်မာ့အလင်းက တွေ့ဆုံမေးမြန်ခဲ့သည်။
Nov 12, 2021
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက်ပိုင်းတွင် တောင်ငူ တက္ကသိုလ်နှင့် တောင်ငူပညာရေး ဒီဂရီ ကောလိပ်တို့၌ အသစ်ခန့်အပ်သော တက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာ ဆရာမသစ်လွင်များ၊ အခြေခံပညာ ဆရာ ဆရာမ သစ်လွင်များနှင့် အဆိုပါတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမနှင့် မြတ်ပညာခန်းမတွင် တွေ့ဆုံသည်။
Nov 12, 2021
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များဖြစ်ကြ သည့် ဦးခင်မောင်ဦးနှင့် ဒေါ်နန်း စန္ဒာစမ်းတို့သည် နိုဝင်ဘာ ၁၀ ရက် နှင့် ၁၁ ရက်တို့တွင် အာရှနိုင်ငံ များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးများနှင့်အဆင့်တူ အဖွဲ့အစည်းများအသင်း (AACCThe Association of Asian Constitutional Courts and Equivalent Institutions)e mosw အကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ စာတမ်းဖတ်ပွဲသို့ Video Conferencingစနစ်ဖြင့် ပါဝင်တက် ရောက်ကြသည်။
Nov 12, 2021
တရုတ်နိုင်ငံမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံရောဂါ ထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ လတွင် စတင်ဖော်ဆောင်ပြီး နောက် စီမံကိန်းအဖွဲ့သည် ကပ်ရောဂါ ထိခိုက်မှုကို ကျော်ဖြတ်၍ ယာယီအဆောက် အအုံ တည်ဆောက်မှု၊ မြေဖို့မှု များကို လုပ်ဆောင်ပြီးဖြစ်သည်။ မိုးရာသီ ပြီးဆုံးသွားသည်နှင့်အမျှ စီမံကိန်းအဖွဲ့က တည်ဆောက်မှု
Nov 12, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (သမိုင်း) နှင့် မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
