May 01, 2021
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဧပြီ ၂၉ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် အတွင်း ပြန်လည်ထူထောင်ရေးဦးစီးဌာန လက်အောက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်း (နမ့်လတ်) သို့ကြည့်ရှုစစ်ဆေးသည်။
May 01, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်း ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ဆေး တက္ကသိုလ် (၁) အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့ရှိ ဆေးနှင့်ဆေးနှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ် များ၊ ပါမောက္ခဌာနမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆေးတက္ကသိုလ် ဘွဲ့လွန်/ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ မှာကြား သည်။
May 01, 2021
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ရုံးအဆောက် အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် စစ်တွေမြို့၊ ဘုမေရပ်ကွက်၊ တက္ကသိုလ်ရိပ် သာလမ်းရှိ အဆိုပါ ရုံးအဆောက်အအုံသစ်၌ ကျင်းပသည်။
May 01, 2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အရှင်မြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
May 01, 2021
ပြည်ထောင်စုရှေ့နေချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ပြည်ထောင် စုရှေ့နေချုပ်ရုံးနှင့် အဆင့်ဆင့်သော ဥပဒေရုံးများ အရှိန်အဟုန်မပျက်စေရေး အဓိက တိုက်တွန်း အမှာစကား ပြောကြားသည်။
May 01, 2021
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ယဉ်ကျေးမှုအသင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ (အောက်ပုံ)
May 01, 2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက် ၉နာရီခွဲတွင် ပုဂံ-ညောင်ဦးလေဆိပ် ဧည့်ခန်းမဆောင်တွင် ဝန်ကြီးဌာနလက်အောက်ရှိဌာန၊ အဖွဲ့အစည်း (၈)ခုမှ တာဝန်ခံ အရာထမ်း၊ အမှုထမ်းများ၊ ပုဂံညောင်ဦးလေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
May 01, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဧပြီ ၂၈ ရက်မှ ၂၉ ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများ၊ ဆေးတက္ကသိုလ်-မန္တလေး၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန- မန္တလေးနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနခွဲမန္တလေးသို့ ကွင်းဆင်းစစ်ဆေးသည်။
May 01, 2021
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်မှစတင်၍ ပုံမှန်စာသင်နှစ်အတိုင်း ဖွင့်လှစ် မည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၁ ခုနှစ်၊ မေ ၂၄ ရက် (တနင်္လာနေ့) မှ ၃၁ ရက် (တနင်္လာနေ့)အထိ သတ်မှတ်ထားသဖြင့် ယင်းကာလအတွင်း အတန်းအားလုံး ကျောင်းအပ်နှံကြရန်နှင့် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေ လုံးဝ (လုံးဝ) ကောက်ခံမှု မရှိကြောင်း၊ ကျောင်းအပ်နှံ သည့်ကျောင်းသားအားလုံးကို ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများနှင့် COVID-19 ကြိုတင်ကာကွယ်ရေးအတွက် Mask နှင့် Face Shield များကို အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသတင်း ရရှိသည်။
May 01, 2021
တပ်မတော်က နိုင်ငံ့တာဝန်ကို ထိန်းသိမ်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစတင်၍ နိုင်ငံရေးလှုပ်ရှားမှု၊ တိုင်းပြည်ဖျက်ဆီးမှုများကို အဆင့်လိုက် တစ်ဆင့်ချင်းပြုလုပ်လာသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် နိုင်ငံရေးအာဏာကို ရယူလိုသော အစွန်းရောက်နိုင်ငံရေးသမား တို့က ပြည်သူလူထုတို့အား သွေးထိုးလှုံ့ဆော်ပေးကာ မိမိတို့အာဏာမရသဖြင့် တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်းဖန်တီးသည့် လုပ်နည်းလုပ်ဟန်များဖြစ်သည်။
May 01, 2021
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်။ ပညာသင်သည့်အရွယ်တွင် ပညာကို တက်မြောက်အောင် သင်နိုင်ပါမှ နောင်ဆက်လက်ရှင်သန် ရမည့်ဘဝတစ်လျှောက်လုံးမှာ ပညာကိုအသုံးချကာဘဝရပ်တည်ရေး၊ အောင်မြင်ရေးတို့အတွက် အာမခံချက်ရှိမည်။ သို့ခံယူကြသည့်အလျောက် မိဘတိုင်းက မိမိတို့သားသမီးများ ပညာတတ်မြောက်နိုင်ရေး၊ အဆင့်မြင့်ပညာရပ်များသင်ယူနိုင်ရေးအတွက် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးပမ်းကြသည်။ အချို့တက်နိုင်သူများက ငွေကုန် ကြေးကျခံကာ ပညာနောက်သို့ အမောတကော ပြေးလွှားလိုက်ကြ သည်။ သားသမီးချင်းပြိုင်ဆိုင်ကြကာ နောက်ကွယ်မှ မိဘတို့လည်း ပြိုင်ဆိုင်ကြသည်။ သို့ရာတွင်ဤမြင်ကွင်းများက မြို့ကြီးပြကြီးပေါ်မှ မြင်ကွင်းမျှသာဖြစ်သည်။