မန္တလေး နိုဝင်ဘာ ၈
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်/ မန္တလေး) တို့မှ ၁၃၇၉-၈၀ ခု၊ ပညာသင်နှစ် တွင် သာသနတက္ကသီလဓမ္မပါရဂူ (Ph.D.) ဘွဲ့ (၁) ပါး၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ (M.A) ဘွဲ့ (၁၆) ပါးနှင့် သာသနတက္က သီလဓမ္မာ စရိယ (B.A) ဘွဲ့ (၁၂၁) ပါး၊ စုစုပေါင်း (၁၃၈) ပါးတို့အား ဘွဲ့ဆက်ကပ်မည့် (၂၆) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက်၊ နိုဝင်ဘာ ၂၈ မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် မဟာဘွဲ့နှင်းဓမ္မာရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘွဲ့ခံယူတော်မူမည့် သံဃာတော်များသည် ဘွဲ့နှင်းသဘင်သို့ နိုဝင်ဘာ ၂၆ ရက် နောက်ဆုံးထား၍ အချိန်မီ ကြွရောက်တော်မူပါရန် ဘွဲ့ခံသံဃာတော်များအား သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက နှိုးဆော်ပင့်လျှောက်ထားပါကြောင်း သတင်း ရရှိသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန