Skip to main content

တရားမအထူးအယူခံမှု (၄) မှု ရုံးထိုင်ကြားနာ

 နေပြည်တော် နိုဝင်ဘာ ၈

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော  ဦးအောင်ဇော်သိန်း၊  ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌  ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ် ၃ /၂၀၂၀ (မန္တလေး)၊ ၆ / ၂၀၂၀ (မန္တလေး) ၊ ၉ /၂၀၂၀ (ကရင်) နှင့် ၁၂ /၂၀၂၀ (ရန်ကုန်)၊  စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုကို ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ  ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)