Apr 29, 2021
နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရေးအတွက် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ အဖျက်အမှောင့် ဆောင်ရွက်လိုသူအချို့မှလည်း နိုင်ငံတော် ဆန့်ကျင်ရေးစာသားများအား အများပြည်သူသုံးလမ်းမကြီးများ၊ နိုင်ငံတော်ပိုင်နှင့် အများပြည်သူပိုင် အဆောက်အဦများပေါ်တွင် ရေးသားခြင်း၊ ဆန့်ကျင်ရေးစာသားပါ ဗီနိုင်းစများ၊ ပိုစတာများ၊ စာရွက်များ အား ချိတ်ဆွဲခြင်း၊ လမ်းများပေါ်တွင် ဖြန့်ကြဲခြင်းတို့ဖြင့် နိုင်ငံတော်အတွင်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များအား ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းလျက်ရှိသကဲ့သို့ ဆန့်ကျင်စာ၊ လှုံ့ဆော်စာ၊ ရေးသား လှုံ့ဆော်ဖြန့်ဝေသူများကိုလည်း နိုင်ငံတော်တည်ငြိမ်ရေးအတွက် ရှေ့ရှု့ကာ ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။
Apr 29, 2021
မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများအနေဖြင့် မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများမှ နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူပိုင် အဆောက်အဦ များအား မီးရှို့ဖျက်ဆီးမှုများ ဆောင်ရွက်လျက်ရှိသည်။
Apr 29, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေး အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း ပေးလျက်ရှိရာ ဧပြီ ၂၈ ရက် နံနက် ၁၀ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လည်းကောင်း၊ မွန်းလွဲ ၁ နာရီတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနသို့ လည်းကောင်း ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်။
Apr 29, 2021
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် Assembly Hall ၌ ကျင်းပသည်။
Apr 29, 2021
နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အတွင်းရှိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ပျဉ်းမနားမြို့နယ် အတွင်းရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း (နေပြည်တော်)၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများ ပြန်လည် ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
Apr 29, 2021
ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 29, 2021
အာရှပစိဖိတ်ဒေသတွင်း ရုပ်သံ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း Asia- Pacific Institute for Broadcasting Development (AIBD) UNESCO's IPDC နှင့် ပူးပေါင်း၍ သတင်းထောက်များ၊ မီဒီယာ လုပ်ငန်း လုပ်ကိုင်နေသူများ ဆိုက်ဘာလုံခြုံရေး ကိစ္စရပ်များတွင် ပိုမိုသိရှိလိုက်နာနိုင်ရန်၊ ဒစ်ဂျစ်တယ်လုံခြုံမှုနှင့် ပတ်သက် သည့် ဆွေးနွေးပွဲကို ယနေ့တွင် ကျင်းပသည်။
Apr 29, 2021
မုံရွာမြို့နယ်အတွင်း ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများတွင် ဦးဆောင်ပါဝင်သည့် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ဝေမိုးနိုင်ကို ဧပြီ ၁၅ ရက်တွင် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်အတွင်း ဆူပူဆန္ဒပြနေစဉ် ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့် ဆက်စပ်တရားခံများအား ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
Apr 29, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၂၇ ရက်နေ့ ည ၈ နာရီ သတင်း ထုတ်ပြန်ချက်အရ တစ်ရက်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၄၄၆ ခုအား စစ်ဆေး ပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၈ ဦးတွေ့ရှိခဲ့ပြီး ကိုဗစ် -၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူတစ်ဦးရှိခဲ့ကြောင်း သိရသည်။
Apr 29, 2021
လူ့သဘာဝအရ စိတ်ခံစားမှုသည် အလွယ်တကူ ဖြစ်နိုင်သော်လည်း ဆင်ခြင်စဉ်းစားရန်အတွက်မှာမူ အလေ့အထလည်း ရှိပါမှ၊ ဆင်ခြင်စဉ်းစားနိုင်သည့် ဉာဏ်အရည်အသွေးလည်း ရှိပါမှ ဖြစ်နိုင်သည်။ သို့ဖြစ်သည့်အတွက် လူအများစုမှာ စိတ်ခံစားမှုကိုသာ ဦးစားပေးတတ်ကြသည်။ နောက်ထပ် လူ့သဘာဝတစ်ခုမှာ ကောင်းသတင်းထက် ဆိုးသတင်းကို လည်းကောင်း၊ အပြုအဖြစ်သတင်းထက် အပျက်အဖျက် သတင်းကိုလည်းကောင်း ပို၍စိတ်ဝင်စားတတ်ကြခြင်းဖြစ် သည်။ နောက်ထပ် လူ့သဘာဝတစ်ခုမှာ အမှားတစ်ခုကို အမှန် အဖြစ် အကြိမ်ကြိမ်အထပ်ထပ် ကြားသိလာရသည်နှင့်အမျှ အမှန်ဟူ၍ လက်ခံလာတတ်ကြခြင်းဖြစ်သည်။
Apr 29, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
Apr 28, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များကို ယနေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အောင်ဆန်းခန်းမ၌ တွေ့ဆုံသည်။
Apr 28, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်းအကွက် အမှတ် ၂၉ ၊ ၃၀ ရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်း ငွေဖြင့် စိုက်ပျိုး တည်ထောင်ခဲ့သော ၂၀၁၉ ခုနှစ်၊ ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ဧက ၁၀၀ နှင့် ၂၀၂၀ ပြည့်နှစ်၊ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း ဧက ၁၀၀ တို့၏ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး၊ နေပြည်တော်ကောင်စီနယ်မြေက ဆောင်ရွက် ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
Apr 28, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့်ဖြစ်ထွန်း နေပါသည်။
Apr 28, 2021
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ် စီမံကိန်း (၂၀၂၁-၂၀၂၅) မူကြမ်း ရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။