နေပြည်တော် နိုဝင်ဘာ ၇
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၆ ရက် နံနက် ၁၁ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ် ၇၄လမ်းနှင့် ၁၁၈ လမ်းထောင့်ရှိ တည်းခိုခန်း အနီးတွင် မအေးသန်း၊ ဇော်မိုးသန်း၊ ဦးသန်းမင်း၊ မစန်းစန်းရီနှင့် မရီရီစိုးတို့ကို မူးယစ်ဆေးဝါးများ လွှဲပြောင်း လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းအရ စစ်ဆေး ရှာဖွေရာ မအေးသန်းထံမှဘိန်းဖြူ သုည ဒသမ ၄၄ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၄၀၀ ကိုလည်းကောင်း။
အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် (ဆက)ရပ်ကွက် သမာဓိ ၄ လမ်း အမှတ် ၁၂ သုံးလွှာနေ ဝင်းမင်းထိုက် (ခ) ပေသီး၏ နေအိမ်တိုက် ခန်းကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၇၀၊ အိုက်စ် သုည ဒသမ ၀၃၂ ကီလိုကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် (ဝဲပုံ) ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား