Skip to main content

သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိ

နေပြည်တော်   နိုဝင်ဘာ   ၁၀

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ (၁၂)သန်းဖြင့် မှာယူတင်သွင်းခဲ့ သည့် စားအုန်းဆီများကို နိုဝင်ဘာ ရက် မှစတင်ပြီး တိုင်းဒေသကြီး/ပြည်နယ် ဒေသအသီးသီးရှိ လက်လီ/လက်ကား ရောင်းချသူများသို့ တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် (၄၂၄၀) ဖြင့် နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွက် စားအုန်းဆီ ပိဿာ (၂၀၈၆၇၀၀) တန်ချိန်(၃၄၀၉ ဒသမ ၆၄)တန်ရောင်းချခဲ့ပြီးဖြစ်သည်။

ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက် အသင်း၏ အစီအစဉ်ဖြင့် ရပ်ကွက်များသို့  ဈေးကားများဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီများကို လက်ကား ဝယ်ယူရောင်းချသူများအနေဖြင့် လက်လီအရောင်းဆိုင်များတွင် အသားတင် အကျိုးအမြတ် ရာခိုင်နှုန်း ထက်မပိုသည့် ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချသွားရမည်ဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများသို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးမည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ အမှတ်(၁၀၄/၁၀၈) ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက် (ဆင်မင်းအိမ်ယာဓမ္မာရုံရှေ့) အလုံမြို့နယ်၊ ဖုန်းအမှတ်၊ ၀၉၄၄၄၄၃၇၂၉၅၊ ၀၉၄၀၁၅၂၇၀၄၉ နှင့် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန ၀၁၂၅၀၂၇၀၊ ၀၉၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)