Skip to main content

ပြည်တွင်းလေယာဉ်စီးခရီးသည်များအတွက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးပေးမည့် အစီအစဉ် အသိပေးကြေညာခြင်း

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မှုကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်းအား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်ပြီဖြစ်၍ ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား တစ်ဆင့်ချင်း ဖြေလျှော့ပေးလျက်ရှိရာ ပြည်တွင်းလေယာဉ်စီးခရီးသည်များ အဆင်ပြေချော မွေ့စေရေးအတွက် ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲစမ်းသပ်ချက်ကို Check-in ဝင် သည့်အချိန်၌ တင်ပြနိုင်ရန်အတွက် -

(က) ခရီးစဉ်မတိုင်မီ ၄၈ နာရီထက် နောက်မကျစေဘဲ ကိုဗစ်-၁၉ ရောဂါကို လေယာဉ် ကွင်းတည်ရှိရာ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးများတွင် နေ့စဉ်နံနက် ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီနှင့် နေ့လယ် ၁၃:၀၀ နာရီမှ ၁၅:၀၀ နာရီ အချိန်အထိ ပိတ်ရက်မရှိ အခမဲ့စစ်ဆေးဆောင်ရွက်ပေးပါမည်၊

() ၎င်းအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေး၍ ရောဂါရှာ ဖွေရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများ၊ ဓာတ်ခွဲခန်းများတွင် သတ်မှတ်နှုန်းထားပေး၍ ဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

( ၁၀-၁၁-၂၀၂၁ )