ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ (၁၀)ရက်အတွင်း ကျရောက်သော အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အဖြစ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့၊ ယခုပင် ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။
ပြိုင်ပွဲဝင်ဆောင်းပါးကို အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်းသည့် အကြောင်းအရာများဖြင့် အောက်ဖော်ပြပါ စည်းကမ်း ချက်များနှင့်အညီ ရေးသားပေးပို့ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
(က) ပြိုင်ပွဲတွင် မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
(ခ) ပြိုင်ပွဲဝင်များသည် သတ်မှတ်ထားသောခေါင်းစဉ် အောက်မှ မိမိကြိုက်နှစ်သက်ရာ ရေးသားမှုပုံစံဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
(ဂ) ပြိုင်ပွဲဝင်ဆောင်းပါးများကို A4 ဆိုဒ် စာမျက်နှာအနည်းဆုံး ၁၀ မျက်နှာမှ အများဆုံး ၁၅ မျက်နှာအထိ ရေးသားယှဉ်ပြိုင်ရမည် ဖြစ်သည်။
(ဃ) ကွန်ပျူတာစာလုံး Myanmar Unicode (Pyidaungsu Font) စာလုံး အရွယ်အစား - ၁၄ (Font Size 14) စာကြောင်းအကွာအဝေး ၁.၅ (Line Spacing 1.5)၊ စာရွက်ဘောင်ဆိုဒ် တစ်လက်မပတ်လည် (Margins 1” ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရမည်ဖြစ်ပါသည်။
(င) ပြိုင်ပွဲဝင်များပေးပို့သည့် စာမူများသည်မိမိကိုယ်တိုင်ဖန်တီး ရေးသားထားသည့် စာမူဖြစ်ပြီး၊ ပေးပို့လာသည့်စာမူသည် ဂျာနယ်၊ မဂ္ဂဇင်းများနှင့် မီဒီယာများတွင် ဖော်ပြထားပြီးသည့် စာမူများ မဖြစ်စေရပါ။
(စ) ဆုရွေးချယ်ခံရခြင်းမရှိသော ဆောင်းပါးများအား ပြန်လည် ပေးပို့မည်မဟုတ်ပါ။
(ဆ) ပြိုင်ပွဲဝင်ဆောင်းပါးအား ပြိုင်ပွဲကျင်းပသည့်ဌာန အနေဖြင့် အများပြည်သူ အကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှု များနှင့် ဗီဒီယို မှတ်တမ်းများ၌ အသုံးပြုခြင်းကိုပြိုင်ပွဲဝင်သူမှ သဘောတူခွင့်ပြုရပါမည်။
ပြိုင်ပွဲဝင်ဆောင်းပါးများကို ပညာရှင်များပါဝင်သော ဆုများစိစစ် ရွေးချယ်ရေးအဖွဲ့ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု နှစ်ဆု စုစုပေါင်း ငါးဆုကို ချီးမြှင့်မည်ဖြစ်ပြီး ဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့် သွားမည်ဖြစ်သည်။ (ဆုငွေအားထိုက်တန်စွာချီးမြှင့်မည်ဖြစ်ပါသည်။) ပြိုင်ပွဲဝင်ဆောင်းပါးများကို (Hard / Soft -copy) တစ်စုံစီ၊ ( ကိုယ်တိုင်ဖန်တီးရေးသားထားကြောင်း ဝန်ခံကတိပြုချက်၊ ပြိုင်ပွဲ | ဝင်သူ၏အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်၊ ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ သုံးပုံ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ်၂၃၊ နေပြည်တော်၊ (တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၀၄၂၅၀၊ အီးမေးလ် dswwdd2021@gmail.com သို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄နာရီ နောက်ဆုံး ထား၍ဆက်သွယ် ပေးပို့နိုင်ပါသည်။ (သတ်မှတ်ရက်ကျော်လွန်ပြီး စည်းကမ်းချက်များ နှင့်မပြည့်စုံသော ဆောင်းပါးများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။)
ဆုရရှိသူများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရုံး အမှတ်(၂၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်မည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်း အမှတ် အခမ်းအနားတွင် ဆုချီးမြှင့်မည်ဖြစ်ပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန