Skip to main content

Aug 29, 2024

ဒီမိုကရေစီစနစ်တွင် နိုင်ငံသားတို့ ထကြွလုံ့လရှိရန်၊ ဉာဏ်အမြော်အမြင်ရှိရန်၊ အများပြည်သူအကျိုး သယ်ပိုးလိုစိတ်ရှိရန်လိုသည်။ နိုင်ငံသားတို့၏ စိတ်ဓာတ်အဆင့်အတန်း မြင့်မားသည်နှင့်အမျှ နိုင်ငံကို ကောင်းသည်ထက်ကောင်းအောင်၊ မြင့်သည်ထက် မြင့်မားအောင် တည်ဆောက်နိုင်မည်ဖြစ်ရာ နိုင်ငံသားကောင်းတို့၏ အရည်အချင်းများနှင့် ပြည့်စုံလာအောင် လူတစ်ဦးချင်းစီက မိမိကိုယ်ကို ဖြည့်ဆည်းကြရန် လိုအပ်သကဲ့သို့ ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးနိုင်ရန်လည်း လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/ သမီး ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ သည်နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများ အတုယူလေ့လာနိုင်စေရန် လေ့လာရေး ခရီးစဉ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဩဂုတ်လ ၂၆ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ရာ ဩဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြပြီး မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာနှင့် အုပ်ဖိုကျေးရွာတို့ကို ဩဂုတ်လ ၂၇ ရက် ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

ဒိုက်ဦးထောင်တွင် ထောင်အရာရှိနှင့် ဝန်ထမ်းများက အကြမ်းဖက်ရိုက်နှက်၍ အကျဉ်းသူများ ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ်နှင့် လုံခြုံရေး အထူးစိုးရိမ်နေရသည်ဟူ၍ Khit Thit အမည်ခံ Facebook Page က ဩဂုတ် ၂၀ ရက်တွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် အဖျက်အမှောင့်သတင်းအဖြစ် မဟုတ်မမှန် လုပ်ကြံသတင်းရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

သာယာဝတီ ဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် အကျဉ်းသား ၄၀ ကျော်ကို ထောင်ဝန်ထမ်းများက ရိုက်နှက်မှုကြောင့် ဦးခေါင်းနှင့်ခန္ဓာကိုယ်တွင် ဒဏ်ရာများရရှိပြီး တိုက်ပိတ်မှုများ၊ ခြေကျင်းခတ်မှုများလည်း ခံနေရသည်ဟူ၍ Khit Thit အမည်ခံ Facebook Page က ဩဂုတ် ၁၉ ရက်တွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် အဖျက်အမှောင့်သတင်းအဖြစ် မဟုတ်မမှန် လုပ်ကြံသတင်းရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ပန်းပု ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူ စင်တင် တင်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

သုတေသနနည်းပညာဖွံ့ဖြိုးရေးသင်တန်း (ငါး၊ ပုစွန် အစာအာဟာရ) အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Iskander Azizov အား နေပြည်တော်ရှိ ရုံးအမှတ် (၁၆) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၏ အရေးပေါ်ညွှန်ကြားရေးမှူးများအဖွဲ့ (Emergency Directors Group – EDG) ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ လုပ်ငန်းလည်ပတ်မှုနှင့် လူသားချင်းစာနာမှုလုပ်ငန်းများ တုံ့ပြန်မှုဆိုင်ရာဌာနညွှန်ကြားရေးမှူး Ms. Edem Wosornu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ယနေ့နံနက် ၇ နာရီ ခွဲက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ဝူရှူးအားကစားရုံသို့ ရောက်ရှိပြီး ပေ(၂၄၀ x ၆၀)ကြမ်းခင်းအဟောင်းဖျက်သိမ်းပြီး နှစ်ထပ်လျှာထိုးခင်းကျင်းရန် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကောင်းမွန်သော သစ်အမျိုးအစားကို အသုံးပြု၍ စံချိန်စံညွှန်းမီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်တည်ဆောက်ရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

အဆင့်မြင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းကျောင်း (LAC)၊ ပထမထပ်သင်တန်းခန်းမ (MOLA Lecture Hall) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

၂၀၂၄ ခုနှစ်၊ မိုးနှောင်းကာလသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက်နေ့)မှစ၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)တို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နေရာအနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်၊ ချောင်းများတစ်လျှောက် ရေကြီးနစ်မြုပ်မှုများ လျော့နည်းသက်သာစေရေးနှင့် အချိန်တိုအတွင်း ရေထုတ်နုတ်စီးဆင်းနိုင်ရေးအတွက် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တင်းဝါးချောင်း၊ ဆင်သေချောင်းနှင့် ငလိုက်ချောင်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးတည်ချက် (၄)ရပ်

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ သတ္တမအကြိမ် လုပ်ငန်းညိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေညီထပ်အစည်းအဝေးခန်းမ၌ Hybrid Format ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

(၁၃) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး၊ (၇)ကြိမ်မြောက် အာဆီယံအပေါင်း ၃ နိုင်ငံများ ပညာရေးဝန်ကြီးများအစည်းအဝေးနှင့် (၇)ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့‌‌သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ၆ နာရီတွင် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများ၏ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူးများအဖွဲ့(EDG)အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်