နေပြည်တော် ဇန်နဝါရီ ၉
ထိုင်းနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ညွှန်ကြားရေးမှူးချုပ် General Detnitit Luangngamkum ဦးဆောင်သည့် ထိုင်းနိုင်ငံ စစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့သည် လေ့လာရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၆ ရက်က ရောက်ရှိခဲ့ကြသည်။
အဆိုပါ ထိုင်းနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံသို့ရောက်ရှိစဉ်အတွင်း ဇန်နဝါရီ ၆ ရက်က ရန်ကုန်မြို့ရှိ မြန်မာ့သားကောင်း အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာသို့သွားရောက် လေ့လာခဲ့ကြပြီး ဗိုလ်တထောင်ဘုရားနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ထိုင်းနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့သည် ဇန်နဝါရီ ၇ ရက်က နေပြည်တော်၌ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေး၍ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုပြီး ဇန်နဝါရီ ၈ ရက်က မန္တလေးမြို့ ရှိ ဈေးချိုနှင့် မန္တလေးတောင်သို့လည်းကောင်း၊ ဇန်နဝါရီ ၉ ရက်တွင် မြနန်းစံကျော်ရွှေနန်းတော်သို့လည်းကောင်း သွားရောက်လေ့လာပြီး မန္တလေးမြို့မှထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိ သည်။
သတင်းစဉ်