နေပြည်တော် ဇန်နဝါရီ ၉
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ကာတာနိုင်ငံအကြီးအကဲရှိတ် တမင်း(မ်) ဘင် ဟမက် အယ် တာနီ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
အဆွေတော်နိုင်ငံ၏ လွတ်လပ်ရေးနေ့နှစ်ပတ်လည်အခါသမယတွင် မိမိနှင့်ကာတာနိုင်ငံ ပြည်သူများကိုယ်စား အဆွေတော်နှင့်မြန်မာပြည်သူများအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်းနှင့် မြန်မာပြည်သူပြည်သားများ ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ကာတာနိုင်ငံ ဒုတိယအကြီးအကဲ ရှိတ် အဗ္ဗဒူလာ ဘင် ဟမက် အယ် တာနီ ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
အဆွေတော်နိုင်ငံ၏ လွတ်လပ်ရေးနေ့နှစ်ပတ်လည်အခါသမယတွင် အဆွေတော်ကျန်းမာချမ်းသာပါစေကြောင်းနှင့် ချစ်ခင်ဖော်ရွေသော မြန်မာပြည်သူပြည်သားများ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင်မြင်ပါစေကြောင်း ဝမ်းမြောက်စွာဆုမွန်ကောင်း ပို့သအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ကာတာနိုင်ငံဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှိတ် မိုဟာမက် ဘင် အဗ္ဗဒူရာမန် ဘင် ဂျက်ဆင် အယ် တာနီ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
အဆွေတော်နိုင်ငံ၏ လွတ်လပ်ရေးနေ့နှစ်ပတ်လည်အခါသမယတွင် ကာတာနိုင်ငံအစိုးရကိုယ်စားလည်းကောင်း၊ မိမိအနေဖြင့်လည်းကောင်း အဆွေတော်ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်းနှင့် မြန်မာပြည်သူပြည်သားများ ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဝမ်းမြောက်စွာဆုမွန်ကောင်း ပို့သအပ်ပါသည်။