Sep 24, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 24, 2024
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
Sep 24, 2024
နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် မဟာသီဟနာဒကျောင်းတိုက်တွင် ယာယီရေဘေးရှောင်နေသော ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 24, 2024
ပြန်ကြားရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေရန်၊ စည်းလုံးညီညွတ်စေရန်၊ အားကစားစိတ်ဓာတ်ဖြင့် သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်နိုင်စေရန်နှင့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ၂၀၂၄ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အုပ်စုအဆင့်ပတ်လည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Sep 24, 2024
တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် ရေဘေးသင့်ခဲ့သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၌ ပြုလုပ်ရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
Sep 24, 2024
ဆော်ဒီအာရေဗျနိုင်ငံ၏ (၉၄) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ Wyndham Grand Hotel ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်သည်။
Sep 24, 2024
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကွပ်ကဲမှုအောက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လျာထားစီမံကိန်းလုပ်ငန်းများ စိစစ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 24, 2024
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ (၅၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် တစ်ဆက်တစ်စပ်တည်းကျင်းပသော အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ပြုလုပ်သည့် စီးပွားရေးဝန်ကြီးများ အစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
Sep 24, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေလွှမ်းမိုးမှုကြောင့် ရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် ဇေယျာသီရိမြို့နယ်ရှိ ပင်လောင်းလမ်းဆုံနှင့် အေးမြင့်သာယာတံတားအကြားတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ယာဉ်ယန္တရားများဖြင့် ပြန်လည်ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
Sep 24, 2024
နိုင်ငံခြားရေးဝန်ကြီးဌာနက ဖွင့်လှစ်မည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၄၆/၂၀၂၄) နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ရှိ လောကနတ်ခန်းမနှင့် ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမတို့၌ တစ်ပြိုင်တည်းကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ရန်ကုန်မြို့၌ တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။