Sep 17, 2022
မကွေး-ပျော်ဘွယ်-ပြည်ညောင်-ပင်းပက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မကွေး-ပျော်ဘွယ် ၈၇ မိုင်၊ ပျော်ဘွယ်-ပြည်ညောင် ၃၁ မိုင်နှင့် ပြည်ညောင်-ပင်းပက် ၆၇ မိုင် သုံးပိုင်းခွဲ၍ ဧပြီလမှစတင်ကာ အဆင့်မြှင့်တင်ခြင်းနှင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စီမံကိန်းတစ်ခုလုံး၏ ၇၇ ဒသမ ၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Sep 17, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။
Sep 17, 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး
Sep 17, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Sep 17, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ တာဝန်ကျစစ်ဆေးရေးအဖွဲ့က မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၂၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က သာယာဝတီခရိုင် သုံးဆယ်မြို့နယ် ရန်ကုန်-ပြည်ကားလမ်းတွင် Alphard အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀ ၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စက်တင်ဘာ ၁၆ ရက်တွင် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တောင်ငူခရိုင် ညောင်လေးပင်ခရိုင်နှင့် ပြည်ခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ တန် ၁၇ ဒသမ ၆၆၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၂၉၂၉၈) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၈၄၉ ၂၉၈) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
Sep 17, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Sep 17, 2022
သြစတေးလျရှိ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ဝန်ဆောင်မှုများ၏ ယှဉ်ပြိုင်မှု အခြေအနေကို ACCC မှ ငါးနှစ်ကြာဆောင်ရွက်မည့် Digital Platforms Inquiry အစီအစဉ်၏ ဆဋ္ဌမမြောက် ကြားဖြတ်အစီရင်ခံစာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စုံစမ်းစစ်ဆေးမည်ဖြစ် ကြောင်း သိရသည်။ ACCC အနေဖြင့် လူမှုကွန်ယက်စာမျက်နှာများတွင် ပုံမှန်ကြော်ငြာခြင်း၊ အခပေး ကြော်ငြာခြင်း၊ ဆိုရှယ်မီဒီယာတွင် ကျော်ကြားမှုရှိသူများကို အခပေး၍စားသုံးသူများကို ချိတ်ဆက် ကြော်ငြာစေခြင်းကဲ့သို့သော စီးပွားရေးလုပ်ငန်းရှင်များက ဆောင်ရွက်လေ့ရှိသည့် အလေ့အထများနှင့်ပတ်သက်၍ စားသုံးသူများအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို ထည့်သွင်း စဉ်းစားမည်ဖြစ်သည်။
Sep 17, 2022
မြန်မာနိုင်ငံသည် စိုက်ပျိုးစီးပွားရေးကို အခြေခံသည့်တိုင်းပြည်ဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၇၀ % ခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ ကျေးလက်ဒေသနေ ပြည်သူအများစုသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဖြင့် အသက်မွေးဝမ်း ကျောင်း ပြုလုပ်ကိုင်ကြသည်။ ထို့ကြောင့်ကုန်ထုတ်စီးပွားလုပ်ငန်းများကို ယခုထက်ပိုမိုမြှင့်တင်ဆောင် ရွက်ပေးနိုင်လျှင် တိုင်းပြည်လူမှု စီးပွားဘဝမြင့်မားတိုးတက်လာမည်ဖြစ်သည်။
Sep 17, 2022
တောင်တန်းများ၊ ကမ်းရိုးတန်းလွင်ပြင်များကို ပိုင်ဆိုင်ထားပြီးမိုးရေလက်မ လုံလောက် စွာရရှိသည့် မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသများသည် ရော်ဘာစိုက်ပျိုးရန် သင့်လျှော်သည့် မြေခံ၊ ရေခံနှင့်ရာသီဥတုကောင်းအားပိုင်ဆိုင်ထားပါသည်။ မွန်ပြည်နယ်သည် မြန်မာနိုင်ငံလုံး တွင် ရော်ဘာစိုက်ပျိုးမြေဧက အများဆုံးနှင့်ထုတ်လုပ်မှုပမာဏ အများဆုံးထွက်ရှိသော ပြည်နယ် တစ်ခုဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး၏ ရော်ဘာထုတ်လုပ်မှုပမာဏ အများဆုံး ပိုင်ဆိုင်ထား သည့်အလျောက်
Sep 17, 2022
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။