နေပြည်တော် ဇန်နဝါရီ ၉
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့လျက်ရှိရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေထံ ကာတာနိုင်ငံဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှိတ် မိုဟာမက် ဘင် အဗ္ဗဒူရာမန် ဘင် ဂျက်ဆင် အယ် တာနီ ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ ကာတာနိုင်ငံဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှိတ်မိုဟာမက် ဘင် အဗ္ဗဒူရာမန် ဘင် ဂျက်ဆင် အယ် တာနီ ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် မိမိအနေဖြင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း နှုတ်ခွန်းဆက်သခွင့်ရရှိသည့်အတွက် ဝမ်းမြောက်မိပါသည်။
အခွင့်အခါကြုံခိုက် မြန်မာနှင့်ကာတာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ထပ်လောင်းအတည်ပြုရင်း နှစ်နိုင်ငံလက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကဏ္ဍပေါင်းစုံတွင် အပြန်အလှန်အကျိုးစီးပွားကို မြှင့်တင်နိုင်ပြီး နှစ်နိုင်ငံနှင့်ပြည်သူများ၏ အကျိုးစီးပွားကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားလိုပါသည်။
အဆွေတော် ကျန်းမာချမ်းသာပြီး မြန်မာပြည်သူများလည်း အစဉ်တိုးတက်အောင်မြင်ကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။