နေပြည်တော် ဇန်နဝါရီ ၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် Belarusan State University ၏ First Vice-Rector ဖြစ်သူ Dr Dzmitry Kurlavich ကို ယနေ့ ညနေပိုင်းတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌တွေ့ဆုံရာ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ တက်ရောက်သည်။
တွေ့ဆုံစဉ် Belarusan State University နှင့် မြန်မာတက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်နိုင်မည့်နယ်ပယ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်