Skip to main content

Aug 28, 2024

ဩဂုတ်(၂၇)ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၏ စာမျက်နှာ ၆ တွင် ဖော်ပြပါရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေး ပညာရေးဒီဂရီကောလိပ်ရှိ နည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကား ပြောကြားသည့် သတင်း၌ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က မန္တလေးပညာရေးဒီဂရီကောလိပ်စာကြည့်တိုက်အတွက် လူထုသိပ္ပံကျမ်းများ၊ သုတရသစာအုပ်စာစောင်များ၊ သင်ထောက်ကူပစ္စည်းများကို ပေးအပ်လှူဒါန်း” အစား “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က မန္တလေးပညာရေးဒီဂရီကောလိပ်စာကြည့်တိုက်အတွက် လူထုသိပ္ပံကျမ်းများ၊ သုတရသစာအုပ်စာစောင်များနှင့် လေ့ကျင့်ရေးအခြေခံပညာအလယ်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများကို ပေးအပ်လှူဒါန်း” ဟု ဖြည့်စွက်ဖတ်ရှုပါရန်နှင့် စာမျက်နှာ ၆ တွင် ဖော်ပြပါရှိသည့် ပုံညွှန်းစာ၌ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က မန္တလေးပညာရေးဒီဂရီကောလိပ် စာကြည့်တိုက်အတွက် သင်ထောက်ကူပစ္စည်းများကို ပေးအပ်လှူဒါန်းစဉ်” အစား “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က လေ့ကျင့်ရေးအခြေခံပညာအလယ်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများကို ပေးအပ်လှူဒါန်းစဉ်” ဟု ပြင်ဆင်ဖတ်ရှုပါရန်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (Ministry of Commerce- MOFCOM) ပညာ တော်သင်ဆုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲက မကွေးတိုင်းဒေသကြီး မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မကွေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

​​​​​​​နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော နိုင်ငံရေးဦးတည်ချက်တစ်ခုဖြစ်သည့် “ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး” အချက်ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးတာဝန်များကို အစိုးရနှင့်တပ်မတော်က ဆောင်ရွက်နေသလို ရပ်ရွာလုံခြုံရေးအတွက် ပြည်သူများအနေဖြင့် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2024

​​​​​​​ပြည်တွင်းရှိ ဒေသအများအပြားတို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြစ်၊ ချောင်းများ ရေမျက်နှာပြင်မြင့်တက်ပြီး မြစ်ကမ်း၊ ချောင်းကမ်းအနီးဒေသများ၊ အနိမ့်ပိုင်းဒေသများ ရေဝင်ရောက်မှုတို့ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းများတွင်တွေ့ရသည်။ သဘာဝဘေးအန္တရာယ်များအနက် ရေကြီးရေလျှံခြင်းကဲ့သို့သော ဘေးအန္တရာယ်မျိုးမှာ ကြိုတင်ခန့်မှန်းသိရှိနိုင်ပြီး သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ပေးလျက်ရှိရာ အန္တရာယ်မကင်းနိုင်သည့်‌ ဒေသများတွင် နေထိုင်သူများမှာ မျက်ခြည်မပြတ် သတိပြုနေကြရန်လိုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ် ထူးချွန်လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများ အတုယူလေ့လာနိုင်စေရန် လေ့လာရေးခရီးစဉ် အဖြစ်တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဩဂုတ်လ ၂၆ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တို့တွင် စစ်မှုထမ်းဆောင်ရန်ဆင့်ခေါ်ခံရသူများ ထွက်ပြေးနေသဖြင့် ဩဂုတ်လ ၂၆ ရက်နေ့ ညပိုင်းတွင် တပ်မတော်နှင့်ပူပေါင်းတပ်ဖွဲ့များက စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲမည်ဖြစ်ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား၍လုပ်ကြံဝါဒဖြန့်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးရှင်းစူပါစင်တာအနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအချင်းချင်း အပြန်အလှန်ပစ်ခတ်မှုများ ဩဂုတ်လ ၂၄ ရက်က ဖြစ်ပွားခဲ့ကြောင်းနှင့် ၎င်းပစ်ခတ်မှုကြောင့် အနီးရှိကလေး ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိမှန်သေဆုံးခဲ့သည်ဟု တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် စစ်မှုထမ်းဆောင်ရန်အတွက် ပေါ်တာဆွဲဖမ်းဆီးမှုများကို ဩဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်နေသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်မှ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သဖြင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူကာ ကလေးငယ်များ၊ ကိုရင်များအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “လှပသာယာပြည်မြန်မာ” ခေါင်းစဉ်ဖြင့်ကျင်းပမည် ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲကို မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့် သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များစသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရပါမည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာတောင်သူများ၏ ဝါစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများ၏ ဝါစိုက်ပျိုးထုတ်လုပ်မှု အတွေ့အကြုံ၊ တောင်သူဝင်ငွေနှင့် ရေရှည်အကျိုးစီးပွားဖြစ်ထွန်းနိုင်ရေးဆိုင်ရာများကို ခင်မင်ရင်းနှီးစွာ မေးမြန်းဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဩဂုတ် ၂၄ ရက်နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ရောက်ရှိပြီး အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးနှင့် တာဝန်ရှိသူများကို စက်ရုံအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ဩဂုတ် ၂၃ ရက်မှ ၂၇ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပလျက်ရှိရာ ဦးစီးဌာနလေးခုမှ အသင်းလေးသင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)တို့မှ အသင်းနှစ်သင်း စုစုပေါင်းအသင်း ခြောက်သင်းပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယမန်နေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းဆောင်တော်ကြီးနှင့် ဝိဇယမင်္ဂလာဓမ္မသဘင် ခန်းမအဆင့်မြှင့်တင်မွမ်းမံခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် Naypyitaw State Academy သို့ရောက်ရှိပြီး ဆေးပညာမဟာဌာန လက်တွေ့ခန်းများ၌ လက်တွေ့ခန်းသုံးပစ္စည်းများ ဖြည့်ဆည်းထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားသင်ယူမှုဆိုင်ရာ အရည်အသွေးတိုးတက်မြင့်မားရေးအတွက် အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်