Sep 08, 2022
ဥပဒေသုတေသနအဖွဲ့၏ လုပ်ငန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန ၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 08, 2022
ကြံစိုက်တောင်သူများနှင့် သကြားစက်လုပ်ငန်းရှင်များ ကြုံတွေ့နေရသော အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး ကြံစိုက်တောင်သူများနှင့် စက်ရုံလုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းစေရန် ဌာနဆိုင်ရာ ဘက်က တိုးမြှင့်ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများ သုံးသပ် ဖော်ထုတ်နိုင်ရေးအတွက် “ကြံသီးနှံကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Sep 08, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Sep 08, 2022
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများကို လုံခြုံစိတ်ချမှုရှိစွာ လွှဲပို့နိုင်ရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများ ဖြင့် ဆောင်ရွက်ပေးနိုင်ရေးတို့ အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်၍ မြန်မာ့စီးပွားရေးဘဏ်၊ အလုပ် သမားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်တို့မှ ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံသို့ စက်တင်ဘာ ၁ ရက်မှ ၅ ရက်အထိ သွားရောက်၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
Sep 08, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Sep 08, 2022
သံလွင်မြစ်ကူး ကွမ်းလုံတံတားသစ် တည်ဆောက် နေစဉ်ကာလအတွင်း တည်ဆောက်ရေး လုပ်ငန်းခွင်တွင် အသုံးပြုနိုင်ရန်အတွက် အရန်တံတားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ လင်ချမ်းမြို့ပြည်သူ့ အစိုးရမှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ယနေ့လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါတံတားသည် အရှည် ၁၅၅ မီတာ၊ တံတားခံနိုင်ဝန် တန် ၅၀ ရှိပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။
Sep 08, 2022
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် လေ့လာဆန်းစစ် တွေ့ရှိချက်များအရ ကမ္ဘာပေါ်တွင် လေထု ညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင်လူဦးရေ ခုနစ်သန်း ခန့်သည် အရွယ်မတိုင်မီ သေဆုံးနေရကြောင်း၊ သေဆုံးမှု၏ ထက်ဝက်ကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြောင်း၊ လေထု ညစ်ညမ်းမှုကြောင့် နှလုံး သွေးကြောကျဉ်းရောဂါ၊ အဆုတ် ကင်ဆာအပါအဝင် အဆုတ်နှင့် ဆိုင်သည့် နာတာရှည်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားပြီး သေဆုံးနေ ကြကြောင်း ယနေ့ နံနက်ပိုင်းက ကျင်းပသော ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (International Day of Clean Air for Blue Skies) အထိမ်းအမှတ် အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။
Sep 08, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတောင်ရိုးရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီသို့ ရောက်ရှိပြီး သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံ တော်များ၏ အဓိပတိ၊ တွဲဖက် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ အား ဖူးမြော်ကြည်ညိုကြသည်။
Sep 08, 2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသည် ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Sep 08, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက လွယ်ပါရင်-မယ်ကြုတ် ကျောက်လမ်းနှင့် ယောင်ခ-လွယ်ပါရင် လမ်းပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။