Sep 08, 2022
မစ္စတာမူဘာရက်(ခ်) အမ်အေအလက်ဝါနီအား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကူဝိတ်နိုင်ငံ၏ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ကူဝိတ်နိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။
Sep 08, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော နီပေါနိုင်ငံ သံအမတ်ကြီး မစ္စတာဘင်းကေ အူးဒက်စ် နေရာတွင် မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေးအား ခန့်အပ် ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီး ဖြစ်သည်။
Sep 08, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့သွားရောက်ပြီး ရုရှား-မြန်မာ မိတ်ဆွေညီအစ်ကို နိုင်ငံနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်များဖွင့်လှစ် နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ စက်တင်ဘာလ ၅ ရက်နေ့တွင် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့နှင့် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်းတို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြသည်။
Sep 08, 2022
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် လပိုင်းမျှအကြာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးစတင်ခဲ့ရာ မြန်မာ့လွတ်လပ်ရေးကဲ့သို့ပင် ရုရှား-မြန်မာ ဆက်ဆံရေးသည်လည်း ၇၅ နှစ်တာ စိန်ရတုကာလသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ သမိုင်းမှတ်တမ်းများအရမူ အောက်မြန်မာနိုင်ငံသို့ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တို့က တိုက်ခိုက် သိမ်းယူခြင်းခံခဲ့ရသည့် မြန်မာဘုရင်က ၁၈၇၃ ခုနှစ်တွင် ရုရှားအင်ပါယာနှင့် သံခင်းတမန်ခင်း ထူထောင်နိုင်ရန် စာချွန်လွှာ တစ်ရပ်ကို ရုရှားလူမျိုးခရီးသွားတစ်ဦးထံမှတစ်ဆင့် စိန့်ပီတာ စဘတ်သို့ ပေးပိုခဲ့ခြင်းဖြင့် မိတ်ဆွေဖွဲ့ရန် ကြိုးပမ်းခဲ့ဖူးသည်။
Sep 07, 2022
အမေး- မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ် ဈေးသတ်မှတ်ပြီးနောက်ပိုင်း ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့မှာ နိုင်ငံခြားငွေထည့်သွင်း အသုံးပြုရသည့် Visa/Master Card မှလုပ်ငန်းဆောင်ရွက်ခြင်းနှင့် ကတ်အသစ်လျှောက်ထားမှုကို ယာယီပိတ်ထားခြင်းရှိတယ်လို့ ကြားသိရပါတယ်။ အဆိုပါကိစ္စ ဟုတ်/မဟုတ် သိလိုပါတယ်။
Sep 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့တွင် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တွေ့ဆုံဆွေးနွေးမှုများ၊ အစည်းအဝေးတက်ရောက်ခြင်းများကို ဆောင်ရွက်ကြသည်။
Sep 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၊ Far Eastern Federal University (FEFU)၌ ကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ၏ မျက်နှာစုံညီအစည်းအဝေး Plenary Session ၌ ယနေ့ညနေပိုင်းတွင် ပါဝင်တက်ရောက် ဆွေးနွေးသည်။
Sep 07, 2022
(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum -2022) သို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဗလာဒီဗော့စတော့ခ်မြို့၊ FEFU Campus အတွင်း၌ တွေ့ဆုံဆွေးနွေးသည်။
Sep 07, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Sep 07, 2022
ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့်အနုပညာဝန်ကြီးဌာနမှ ကြီးမှူး၍ “ယဉ်ကျေးမှုပစ္စည်းများ အကာအကွယ်ပေးရေး နိုင်ငံတကာညီလာခံ--ယဉ်ကျေးမှုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု တားဆီးရေး-အာဆီယံရှုထောင့်” “International Conference on Cultural Property Protection: The Prevention of the Illicit Trafficking of Cultural Properties: An ASEAN Perspective" နိုင်ငံတကာညီလာခံကို ယနေ့တွင် Video conferencing စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။