Skip to main content

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများကို လုံခြုံစိတ်ချစွာဖြင့် လွှဲပို့နိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၇

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများကို လုံခြုံစိတ်ချမှုရှိစွာ လွှဲပို့နိုင်ရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများ ဖြင့် ဆောင်ရွက်ပေးနိုင်ရေးတို့ အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်၍ မြန်မာ့စီးပွားရေးဘဏ်၊ အလုပ် သမားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်တို့မှ ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံသို့ စက်တင်ဘာ ၁ ရက်မှ ၅ ရက်အထိ သွားရောက်၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်သော အဖွဲ့သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ကိုယ်စားလှယ်များနှင့်အတူ ထိုင်းနိုင်ငံဗဟိုဘဏ်၊ ဘန်ကောက်ဘဏ်၊ ကာစီကွန်း ဘဏ်၊ စီယမ်ကော်မာရှယ် ဘဏ်နှင့် ခရွန်ထိုင်းဘဏ် စသည့် အဖွဲ့အစည်းများနှင့် လည်းကောင်း၊ ငွေလွှဲလုပ်ငန်းဆောင် ရွက်နေသည့် အဖွဲ့အစည်းများ ဖြစ်ကြသည့် TRUE Money, D Money, 2C2P စသည့် ငွေလွှဲ လုပ်ငန်းများနှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့ပြင် မြန်မာအလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းအပြင် မြန်မာလုပ်သား စိစစ်ရေးစခန်းများနှင့် မှတ်ပုံတင်စခန်းများသို့ သွား ရောက်လေ့လာခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမား ဦးရေမှာ တရားဝင်စာရင်းများအရ တစ်သန်းကျော်ရှိပြီး တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်နေ သူများလည်းရှိကြောင်း၊ မြန်မာလုပ်သားများက ၎င်းတို့၏ မိသားစုများထံ ငွေလွှဲပို့ရာတွင် ထိုင်းနိုင်ငံ ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ အသိအမှတ်ပြုလိုင်စင် ထုတ်ပေး ထားခြင်းမရှိသော အဖွဲ့အစည်း များမှတစ်ဆင့် လွှဲပို့ပါက လုံခြုံ စိတ်ချမှု နည်းပါးနိုင်သည့်အတွက် လုံခြုံစိတ်ချမှုရှိပြီး ဈေးကွက် ငွေလဲနှုန်းဖြင့် လွယ်ကူလျင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်မည့် စနစ် တစ်ရပ်ကို ထူထောင်၍ ထိုင်းနိုင်ငံရှိ ဘဏ်များနှင့် မြန်မာနိုင်ငံရှိ ဘဏ်များ၊ ထိုင်းနိုင်ငံရှိ ငွေလွှဲလုပ်ငန်း ဆောင်ရွက်သူများနှင့် မြန်မာနိုင်ငံရှိ ငွေလွှဲလုပ်ငန်း ဆောင်ရွက်သူများ၊ Mobile Financial Service ကုမ္ပဏီ များနှင့် ပူးပေါင်းဆောင်ရွက် ပေးပါက လုံခြုံစိတ်ချလွယ်ကူ လျင်မြန်စွာဖြင့် လွှဲပို့နိုင်စေရန် နိုင်ငံတော်အနေဖြင့် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်