Sep 09, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတဟောင်း H.E. Mr. Mikhail Gorbachev သည် ၂၀၂၂ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် ကွယ်လွန်ခဲ့သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် (၃၈) စကားဝါလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်၌ လက်မှတ် ရေးထိုးသည်။
Sep 09, 2022
ကိုဗစ်-၉ ရောဂါ ပြည်တွင်း ကူးစက်မှုမြင့်တက်လာခြင်းကြောင့် ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်း များကို မပျက်မကွက်၊ တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်လျက်ရှိသည်။ ကိုဗစ်-၁၉ကူးစက်မြန်ကပ်ရောဂါ ကာလ ကြာရှည်စွာ ကူးစက်ပျံ့နှံ့တည်ရှိနေမှုနှင့် ကာကွယ်ဆေးထိုးနှံ ပြီးစီးမှု စသည့်အကြောင်းများကို အခြေခံ၍ ရောဂါအပေါ်အလေး ဂရုမပြုခြင်းတို့ကြောင့် ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာ ခြင်းဖြစ်သည်ဟု ယူဆဖွယ်ဖြစ်သည်။
Sep 09, 2022
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်တည်ရှိပြီး အရှေ့တောင်အာရှ (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ အရှေ့တောင်အာရှဒေသသည် ပထဝီဝင် အနေအထားအရ သမုဒ္ဒရာကြီး နှစ်ခုကို ဆက်သွယ်ပေါင်းကူးပေးသည့် အချက်အချာ ကျသော ဒေသတွင်တည်ရှိသည်။ အင်ဒို-ပစိဖိတ်ဒေသတွင် အရေးပါသောနေရာမှ ပါဝင်လျက်ရှိပြီး အာရှနိုင်ငံများ၊ အာရှ-ပစိဖိတ်နိုင်ငံများနှင့် ချိတ်ဆက်ရာတွင် ဗဟိုချက်သည် ရုရှားနိုင်ငံဖြစ်လာခဲ့သည်။ အဆိုပါချိတ်ဆက်မှုတွင် မြန်မာနိုင်ငံသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လာနိုင်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းများရရှိလာသည်။
Sep 08, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Primorsky ဒေသအစိုးရအဖွဲ့ အကြီး အကဲ Mr. Oleg Nikolaevich Kozhemyako နှင့် Republic of Buryatia အစိုးရအဖွဲ့ အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov တို့အား ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဗလာဒီဗော့စတော့ခ်မြို့၊ FEFU Campus အတွင်း၌ သီးခြားစီ တွေ့ဆုံ ဆွေးနွေးသည်။
Sep 08, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၊ Far Eastern Federal University(FEFU) တက္ကသိုလ် ပါမောက္ခချုပ် Mr. Boris Nikolaevich Korobets နှင့် ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါတက္ကသိုလ်၌ တွေ့ဆုံဆွေးနွေးသည်။
Sep 08, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 08, 2022
အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိခဲ့ကြသည့် မြန်မာနိုင်ငံတက္ကသိုလ်အားကစားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာပညာရေး၊ ကျန်းမာရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
Sep 08, 2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာ၊ ပေါ်ဦးရပ်ကွက်အနီးရှိ ဓာတ်အားပေးတာဝါ တိုင် ၁ ခု အား စက်တင်ဘာ ၆ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် တာဝါတိုင် အမှတ်(၁၃၀) လဲကျပျက်စီးခဲ့ပြီး မဟာဓာတ်အားလိုင်းမှူးရုံး(လွိုင်ကော်)မှ တာဝန်ယူ ထိန်းသိမ်းရသော ၁၃၂ ကေဗွီ လောပိတ - တီကျစ် မဟာဓာတ်အားလိုင်း ဓာတ်အား ပို့လွှတ်မှု ပြတ်တောက်ခဲ့ကြောင်း သိရှိရသည်။
Sep 08, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Sep 08, 2022
ပြည်ထောင်စုအစိုးရအဖွဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။