Sep 10, 2022
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် နိုင်ငံတော် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စစ်ဆေးခြင်းဖြင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ပိုမိုအားကောင်းခိုင်မာစေရန် ထိန်းကျောင်းပေးရသည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါကြောင်း၊ သို့ပါ၍ ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်၏လေးနက်မှုကို ကောင်းစွာသိရှိ နားလည်၍ ဂုဏ်ယူစွာဆောင်ရွက် ကြစေလိုပါကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက ပြောကြားသည်။
Sep 10, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနအောက်ရှိဌာနများမှ ဝန်ထမ်းများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 10, 2022
ရုရှား-မြန်မာ ရင်းနှီးချစ်ကြည်ဆက်ဆံမှုသည် (၇၅) နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တို့တွေ့ဆုံခဲ့ရာ၌ ရုရှားသမ္မတက လာမည့် ၂၀၂၃ ခုနှစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး (၇၅) နှစ် ပြည့်မြောက်မည်ဖြစ်၍ ဂုဏ်ပြုအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့သည်။
Sep 10, 2022
လူကုန်ကူးခံရမှုကြောင့် ဒူဘိုင်းတွင် ဒုက္ခရောက်နေကြောင်း ဖေ့စ်ဘုတ်လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် အကူအညီတောင်းခံခဲ့သည့် မြန်မာအမျိုးသမီးငယ် ခုနစ်ဦးတို့မှာ မြန်မာ-ဒူဘိုင်း နှစ်နိုင်ငံရဲအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၎င်းတို့ကြုံတွေ့ခဲ့ရသည့် ဒုက္ခများမှ လွတ်မြောက်ကာ အမိမြေသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။ လူကုန်ကူးသူတရားခံမှာ ဒူဘိုင်းတွင် အမြဲတမ်းနေထိုင်ခွင့်ဖြင့်နေထိုင်ပြီး မြန်မာအမျိုးသမီးငယ်များကို မက်လုံးပေးစည်းရုံးကာ ဒူဘိုင်းမှတစ်ဆင့် အခြားအရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ ထပ်ဆင့်ရောင်းစားနေသူ ဖြစ်သည်။
Sep 09, 2022
အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် အမြဲတမ်းနေထိုင်ခွင့်ဖြင့်နေထိုင်သည့် မြန်မာနိုင်ငံသားအဖွဲ့တစ်ဖွဲ့သည် “ဒူဘိုင်းတွင်လစာကောင်းကောင်းနှင့် အလုပ်ရမည်” ဟု မက်လုံးပေးစည်းရုံးကာ မြန်မာနိုင်ငံသားအမျိုးသမီးငယ်များကိုခေါ်ယူ၍ ဒူဘိုင်းသို့ ရောက်ရှိသည့်အခါ “အီရန်၊ အီရတ်၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ ဆော်ဒီ၊ ယီမင်၊ ဂျော်ဒန်နှင့် အိုမန်” နိုင်ငံများသို့ အတင်းအကြပ်စေလွှတ်ရောင်းစားမှုများ ပြုလုပ်နေကြောင်း သတင်းများအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လဆန်းမှစ၍ လေ့လာစုံစမ်းမှုများ ပြုလုပ်ခဲ့သည်။
Sep 09, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Amur ပြည်နယ်၊ Blagoveshchensk မြို့၊ Ignatyevo အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် Republic of Buryatia ပြည်နယ်၊ Ulan-Ude မြို့၊ Baikal လေဆိပ်သို့ရောက်ရှိကြရာ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
Sep 09, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် Amur ပြည်နယ်၊ Blagoveshchensk မြို့ Ignatyevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ထွက်ခွာရာ ဗလာဒီဗော့စတော့ခ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Stegniy Daria နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။