Jan 30, 2022
စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ(၂၀၂၂)၏ ဒုတိယနေ့ကို ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကိုးရွာသပြေကုန်း ကျေးရွာအနီးရှိ စက်စက်ယိုကွင်း၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ကျင်းပလျက်ရှိရာ ပြပွဲသို့ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ကျောင်းသား ကျောင်းသူများ၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)မှ ကျောင်းသား ကျောင်းသူများ၊ ဒေသနေတောင်သူများ၊ မွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူပြည်သူများ၊ လေ့လာကြသူများဖြင့် စည်းကားလျက်ရှိသည်။
Jan 30, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
Jan 30, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်တွင် တရားမဝင် တောင်သရက် ၂ ဒသမ ၀၂၉၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂၀၇၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Jan 30, 2022
လွန်ခဲ့သည့် ၇၅ နှစ်တာကာလက မြန်မာနိုင်ငံသည် လွတ်လပ်သည့် နိုင်ငံဘဝသို့ မရောက်သေး။ လွတ်လပ်ရေးရယူနိုင်ရန်အတွက် ကြိုးပမ်းရုန်းကန် နေကြရသည့် အချိန်ဖြစ်သည်။ ထိုစဉ်က စည်းလုံးညီညွတ်ခဲ့ကြပြီး မိမိတို့၏ စည်းလုံးညီညွတ်မှုကို ကမ္ဘာသိအောင် ပြသနိုင်ခဲ့သည့်အတွက် လွတ်လပ်ရေး ရခဲ့သည်။
Jan 30, 2022
မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ ပြည်သူအများစုသည် အခြေခံလူတန်းစားများ ဖြစ်ကြသည်။ မိမိဒေသများတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အဓိကအားထား လုပ်ကိုင်ကြပြီး အခြေခံကုန်ထုတ်လုပ်ငန်းများနှင့် ရောင်းဝယ်ဖောက်ကားမှုများ လုပ်ကိုင်ကြသည်။ နိုင်ငံသည် မဖွံ့ဖြိုးသေးသော နိုင်ငံဖြစ်၍ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်သို့ ရောက်အောင် ကြိုးပမ်းနေသည်။
Jan 29, 2022
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက် ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားများ၏ လေ့ကျင့် သရုပ်ပြသမှုအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးသည်။
Jan 29, 2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပရာနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။
Jan 29, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ တစ်နှစ်တာဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၉-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Jan 29, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Jan 29, 2022
နောင်ချိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
Jan 29, 2022
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူ ချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိသည်။
Jan 29, 2022
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်နုနုယဉ်နှင့် ဦးကျော်မြင့်တို့အဖွဲ့သည် ဇန်နဝါရီ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် ကင်းသာ(၁)၊ (၂) ကုန်ထုတ်စခန်းများနှင့် နေပြည်တော်အချုပ်ထောင် တို့ကို ကြည့်ရှုစစ်ဆေးသည်။
Jan 29, 2022
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းအနောက်ဘက် ၈ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ယနေ့နံနက် ၉ နာရီခန့်တွင် မိုးကောင်း(၉) အမည်ရှိ ငါးဖမ်း ဝါးလက်လှေသည် စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ရေမျော၍ ကျောက်တန်းပေါ်သို့ တင်နေသဖြင့် တပ်မတော်ရေက ကူညီ ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
Jan 29, 2022
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်တွင် MIP ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့မှ စစ်ဆေးဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ဖော်ပြကြေညာချက်များနှင့် ကွဲလွဲနေသည့် ကြွေခွက်အလုံး ၇၂၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၄၁၀၄၂၀)ကို လည်းကောင်း၊ သွင်းကုန်ကြေညာ လွှာတွင် ဖော်ပြကြေညာထားခြင်း မရှိသော ဂဟေဆော်တံ ဖာ ၁၅၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၇၄၁၀၄၂၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Jan 29, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန် စာမူဆုရ စာအုပ်များနှင့် ပြည်သူများ ပညာဗဟုသုတ တိုးပွားစေရေးအတွက် မြန်မာစာပေဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် အများပြည်သူ ဗဟုသုတတိုးပွားရေးအတွက် စာကောင်းပေမွန်များကို ထုတ်ဝေလျက် ရှိသည်။
Jan 29, 2022
မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက နေပြည်တော် အချုပ်ထောင်သို့ သွားရောက်၍ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများအတွက် ဆေးဝါးများ၊ နေ့စဉ်သုံး ပစ္စည်း၊ တစ်ကိုယ်ရေသုံး ပစ္စည်းနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကို ပေးအပ်လှူဒါန်းသည်။
Jan 29, 2022
နေပြည်တော် ဇန်နဝါရီ ၂၈ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်နေ့ အထိမ်းအမှတ် မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ (၂၀၂) ကို ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ သုံးရက်တာ နေပြည်တော်ရှိ ကိုးရွာသပြေကုန်းရွာအနီး စက်စက်ယိုကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည်။
Jan 29, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jan 29, 2022
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ တိုးမြှင့်ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jan 29, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၇ ဦးတို့ကို လက်ခံခဲ့ကြသည်။
