Jan 29, 2022
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့ပူးပေါင်း၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းကြီး၌ ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပတော့ မည်ဖြစ်သည်။
Jan 29, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ရှိ သီတဂူချင်းတွင်းသာမဏေကျော် ဗုဒ္ဓ တက္ကသိုလ် သို့ PDF အမည်ခံအကြမ်းဖက်သမားများ က လက်လုပ်စိန်ပြောင်းများ၊ မီးတုတ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Jan 29, 2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အကြမ်းဖက်သမားများက ၆ ဘီးကုန်တင်ယာဉ် ၁ စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Jan 29, 2022
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုသည် များစွာအကျိုး သက်ရောက်လျက် ရှိသည်။ လူမှုအသိုက်အဝန်းများမှသည် ကမ္ဘာလုံး ဆိုင်ရာ ဆက်နွယ်မှုအလုံးစုံတို့၌ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ထိရောက်စွာ အလုပ်လုပ် နေသည်ကို တွေ့ရမည်ဖြစ်သည်။ လူသားများ၏ အရေးကိစ္စများကို ဆောင်ရွက်ရာတွင် မည်သည့် ကိစ္စတွင်မဆို ကောင်းကျိုး၊ ဆိုးကျိုးတို့သည် ရှိတတ်သည်ဖြစ်၍ ကောင်းထုတ်၊ အဆိုးနုတ်၍ သတိမူလုပ်ကိုင်ကြရန် လိုအပ်သည်။
Jan 29, 2022
လူငယ်များသည် နိုင်ငံ၏ အနာဂတ်ကို ဖန်တီးကြမည့်သူများ ဖြစ်သည်။ ယနေ့လူငယ်များကို အရည်အချင်းမြင့်မားစေရန်၊ အများအကျိုးသယ်ပိုးလိုသည့်စိတ်ထားရှိရန်၊ စည်းကမ်းကောင်းမွန်၍ တာဝန်ကျေပွန် သည့် စရိုက်လက္ခဏာကောင်းများ ပြည့်ဝရန် ပြုစု ပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံ၏အနာဂတ်ကို လူငယ်တို့၏ လက်တွင်း သို့ စိတ်ချလက်ချ အပ်နှံနိုင်ရမည်ဖြစ်သည်။ လူငယ်တစ်ဦးချင်းစီ၏ အရည်အချင်း၊ အရည်အသွေး၊ စိတ်ဓာတ်ကို မြင့်မားနိုင်လျှင် မြင့်မား နိုင်သလောက် အနာဂတ်နိုင်ငံတော်သည်လည်း မြင့်မားလာမည်သာ ဖြစ်သည်။
Jan 28, 2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာ နိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းပြုလုပ်သည့် ၂၀၂၂ ခုနှစ် မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲဖွင့်ပွဲအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ကိုးရွာသပြေကုန်း ကျေးရွာအနီးရှိ စက်စက်ယိုကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၈-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Jan 28, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Jan 28, 2022
ဒုတိယအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေး၏ ဒုတိယနေ့ ကို (၂၈.၁.၂၀၂၂) ရက်နေ့တွင် ဆက်လက်ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ စက်မှုနှင့်သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Zhang Yunming နှင့် အိန္ဒိယနိုင်ငံ၊ ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. DEVUSINH CHAUHAN တို့က ပူးတွဲဥက္ကဋ္ဌများ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။
Jan 28, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင် သွင်းဖြန့်ဖြူး ရောင်းချရေး အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ (၃၄)သန်းဖြင့် စက်သုံးဆီမှာယူတင်သွင်းခဲ့သည့်ကုမ္ပဏီ (၂၆)ခုမှ ဒီဇယ်ဆီဂါလန် (၁၂ ဒသမ ၅၄) သန်းခန့်ကိုအထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွား မည်ဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်မှစတင်၍ ကုမ္ပဏီ(၁၁)ခုမှတိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင် စုစုပေါင်း (၁၁၅) ဆိုင်တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
Jan 28, 2022
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၏ ဩဝါဒ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ ယခင်နေ့များက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ (ပထမအဖွဲ့ခွဲ) ဆရာတော်ကြီး(၉)ပါး၊ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)သင်ကြား/စီမံ၊ စာသင်သား သံဃာတော် (၂၄၉)ပါး၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် သင်ကြား/စီမံ၊ စာသင်သား သံဃာတော် နှင့် သီလရှင် (၁၂၈)ပါးတို့ကို ကာကွယ်ဆေးထိုးနှံခဲ့သည်။
Jan 28, 2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြခန်းပေါင်း ၄၀ ကျော် ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
Jan 28, 2022
တောင်ကုတ်တက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ တက္ကသိုလ်ဝင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာညွန့်ဖေ၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 28, 2022
စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် ဆန်းသစ်တီထွင်မှု အလေ့အကျင့်ကောင်းများ မျှဝေခြင်း စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲ (Hybrid Seminar on Innovative Products Practices for Food Processing in Myanmar)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M Gallery Hotel၌ ကျင်းပသည်။
Jan 28, 2022
ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်မှုအရ လှူဒါန်းခြင်းနှင့် ဝယ်ယူခြင်းမှ ရရှိထားသည့် Sputnik Light ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဇန်နဝါရီ ၁၉ ရက်မှ စတင်ထိုးနှံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ စုစုပေါင်းလူဦးရေ ၁၂၄၇၄၇ ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီ ဖြစ်သည်။
Jan 28, 2022
တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်အပြင် နိုင်ငံ့အကျိုးပြု လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီထမ်းဆောင်လျက်ရှိရာ ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များအနက် ပြည်သူများ၏ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်သောနေရာများတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 28, 2022
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Jan 28, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၉၇ ဦး၊ အမျိုးသမီး ၅၇ ဦး စုစုပေါင်း ၁၅၄ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ကိုးဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း လေးဦးတို့ကို လက်ခံခဲ့ကြသည်။
Jan 28, 2022
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 28, 2022
အာဆီယံဝန်ကြီးများနဲ့ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ၊ လေးစားအပ်တဲ့ ကိုယ်စားလှယ်တော်ကြီး များနဲ့ ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား-
Jan 28, 2022
ဒုတိယအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး (2nd ASEAN Digital Ministers' Meeting - 2nd ADGMIN) ယနေ့နံနက် ၉ နာရီတွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Video Message ပေးပို့၍ အမှာစကား ပြောကြားသည်။
