နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၍ ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိရန် ခုတင် ၁၅၀၀ ပြင်ဆင်လျက်ရှိ
Jul 20, 2021
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကိုဗစ်-၁၉ အတည်ပြု လူနာများထားရှိရန် ခုတင် ၁၅၀၀ ပြင်ဆင်လျက်ရှိပြီး ခန်းမအပေါ်ထပ် တွင် ခုတင်၁၇၅ လုံး၊ မြေညီထပ်တွင် ခုတင် ၂၉၇ လုံး၊ မြေအောက်အထပ် တွင် ခုတင် ၁၄၄ လုံးနှင့် ခန်းမဘေးရှိ ကျောက်စိမ်းပြခန်းဆောင် ကိုးခု တွင် ခုတင် ၈၈၄ လုံး ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
Jul 20, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်က ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ပြဇာတ်စာပေ တတိယဆုရရှိသည့် စာရေးဆရာ မောင်စိုးထိုက် (သုံးဆယ်) ၏ “တာဝန်ကိုယ်စီရှိပါသည်နှင့်အခြားပြဇာတ်များ” စာအုပ်ကို ရောင်းဈေး ကျပ် ၁၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက် ရှိသည်။
ကိုပစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ လှူဒါန်း
Jul 20, 2021
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုး တွေ့လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိ၍ ထိုသို့ဆောင်ရွက်ပေးရာတွင် အထောက်အကူဖြစ်စေရန် အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုး များနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့ လှူဒါန်းပေးလျက်ရှိသည်။
Jul 20, 2021
ကိုဗစ်-၁၉ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ နှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များ က အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
Jul 20, 2021
ဒဂုံမြို့နယ်(မြောက်ပိုင်း)ရှိ စေတနာ့ဝန်ထမ်း ဆေးကုသပေးနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပြည်သူအကျိုးပြု ဆရာဝန်နှင့် စေတနာ့ဝန်ထမ်းအဖွဲ့အား လုံခြုံရေးအဖွဲ့များက ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးပြီး ငွေကျပ် ၃၂ သိန်း တန်ဖိုးရှိ ဆေးဝါးများနှင့် အောက်ဆီဂျင်အိုးများ၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းခံရ ကြောင်း အဖွဲ့ခေါင်းဆောင် ဦးချမ်းလေး၏ ပြောကြားချက်အရဆိုပြီး BBC Burmese နှင့် Myanmar Now သတင်းဌာန များက ထုတ်ပြန်လျက်ရှိသည့်သတင်းမှာ သတင်းမှား သာဖြစ်ကြောင်းသိရသည်။
Jul 20, 2021
မြန်မာ့မီးရထားက ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်များ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးခြင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Standard Operation Procedure-SOP လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 20, 2021
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ် ဆေးရုံ၊ သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ် ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူဆေးရုံ၊ မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော် တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံ နှင့် ရွှေညောင်ဖူး တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်း မြို့နယ် ပင်းတလဲ တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ်ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ် ဝဲလောင် တိုက်နယ်ဆေးရုံ၊
Jul 20, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအား အနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
Jul 20, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စီမံဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ “Positive လူနာတွေနဲ့ပတ်သက်ပြီး နေရာပေါင်း ၁၁၁၄ နေရာမှာ -၄၅၉၀၀၊ ၄၆၀၀၀ ခန့်ဝင်ဆံ့တဲ့ အင်အားရှိပါတယ်။ လောလောဆယ် ၆၂ ရာခိုင်နှုန်းပဲ Positive လူနာထားတဲ့နေရာမှာရှိပါတယ်။ ကုသရေး Center ပေါင်း ၅၆၀ လောက် လုပ်ထားတဲ့နေရာမှာ ဝင်ဆံ့တာက ၂၅၅၀၀ ခန့်ရှိပါတယ်။
Jul 20, 2021
ဒယ်လ်တာဗီဇပြောင်း ကိုရိုနာပိုးမျိုးကွဲသစ်သည် ကျန်ဗီဇပြောင်း မျိုးကွဲပိုးသစ်များထက်ပို၍ ကမ္ဘာ့နိုင်ငံများစွာတို့ကို အကြီး အကျယ် ဒုက္ခပေးလျက်ရှိသည်။ မူလ ကိုဗစ်- ၁၉ ထက် အဆပေါင်းများစွာ ပို၍ဆိုးရွား ပြင်းထန်သွားပြီဖြစ်သော ပိုးကြောင့် ရောဂါကူးစက်ပျံ့နှံ့မှု အဆများစွာမြင့်တက်သွားခဲ့ရာ ရောဂါကာကွယ်မှု၊ ကုသမှုနှင့် ယုတ်စွအဆုံး သေဆုံးသူများကို သဂြိုဟ်သည့် အရေးကိစ္စများအထိ မူလကရှိနေသည့် အရင်းအမြစ်များနှင့် လုံလောက်မှုမရှိတော့သည့် အတွက် မမြင်သင့်၊ မမြင်အပ်ရာ မြင်ကွင်းများ တွေ့မြင်လာရသည်။ ။
Jul 19, 2021
(၁၇-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၈-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း တွေ့ရှိရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၅,၂၈၅) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် - #Ministry_Of_Health_and_Sports_Myanmar
Jul 19, 2021
၂၀၂၁ ခုနှစ် (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပသည်။
Jul 19, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအား အနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
Jul 19, 2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ထိုင်းနိုင်မှ မှာယူထားသည့် အောက်စီဂျင်အိုး(၈၂)လုံး ချစ်ကြည်ရေးတံတား အမှတ်(၂) မှတစ်ဆင့် ယမန်နေ့ကရောက်ရှိလာကြောင်းသိရသည်။
Jul 19, 2021
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ပေးရာတွင် အထောက်အကူဖြစ်စေရန် အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည်။
Jul 19, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့်အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
Jul 19, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထား ရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။ ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
Jul 19, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ တင်သွင်းရာတွင် လုပ်ငန်းရှင်များ လွယ်ကူစွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ဖြေလျှော့မှုများကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
Jul 19, 2021
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်စီဂျင် အပါအဝင် ကိုဗစ်အထောက်ကူပြုဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို မြဝတီနယ်စပ်မှ တစ်ဆင့် တင်သွင်းခွင့်ပြုပေးလျက်ရှိရာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်မည့် Liquid Oxygen အရည် ၁၆ ဒဿမ ၀၂ တန် သယ်ဆောင်လာသော မော်တော်ယာဉ်သည် ယနေ့ ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီက မြဝတီကုန်သွယ်ရေးဇုန်မှ ထွက်ခွာသွားကြောင်း သိရသည်။