နေပြည်တော် ဇန်နဝါရီ ၂၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာကုမ္ပဏီ (၁)ခုမှ ယာဉ်စီးရေ (၂)စီးဖြင့် လက်အိတ် (၁၂) တန်တို့ကို တင်သွင်းခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁)ရက်မှ (၂၉)ရက်အတွင်း ကုမ္ပဏီ (၇)ခုမှ ယာဉ်စီးရေ (၁၄)စီးဖြင့် အောက်ဆီဂျင်အရည် (Bowser)တန် (၂၀) ၊ အိမ်သုံးအောက်ဆီဂျင်စက် Oxygen Concentrator (၈၄၆) ခု၊ လက်အိတ် (၄၃)တန်နှင့် နှာခေါင်းစည်း (Mask) (၇၅)တန်တို့ကို တင်သွင်းခွင့်ပြုခဲ့ပြီး၊ အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၁)စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများ နှင့်ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်