Skip to main content

မြန်မာ့ပင်လယ်ပြင်အတွင်း သောင်တင်နေသော ငါးဖမ်းရေယာဉ်တစ်စင်းကို တပ်မတော် (ရေ) က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော် ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းအနောက်ဘက် ၈ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ယနေ့နံနက် ၉ နာရီခန့်တွင် မိုးကောင်း(၉) အမည်ရှိ ငါးဖမ်း ဝါးလက်လှေသည် စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ရေမျော၍ ကျောက်တန်းပေါ်သို့ တင်နေသဖြင့် တပ်မတော်ရေက ကူညီ ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပေါ်နေကြောင်း သိရှိရသဖြင့် တပ်မတော် (ရေ)မှတပ်ဖွဲ့ဝင်များက စစ်ရေယာဉ်များဖြင့် အဆိုပါ နေရာသို့ သွားရောက်၍ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လှေပေါ်ပါ လှေသား ၁၈ ဦးကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဝတ် အထည်နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်