Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၂၈

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူ ချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိသည်။ ထိုသို့ ထုတ်ပေးရာတွင် ဇန်နဝါရီ ၂၈ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Syringe အခု ၁၃၉၂၀၊ Tubrig Sets For Hemodialysis အခု ၂၅၀၊ A.V Fistular Needle 3 Set အခု ၄၄၀၊ Hollow Fiber Dialyzer ၁၈၇ ခု၊ ဆေးဝါးမျိုးစုံ ၅၁ မျိုး စုစုပေါင်း ၁၅၈၆၆၈ ဒသမ ၁၄ Kg၊ နယ်စပ်(ချင်းရွှေဟော်)တွင် Pai Hydroo Ingection အခု ၃၅၁၂၀၊ Pai B Plex Injection အခု ၅၈၈၀၀၊ Pai Cetirizine Tablet အခု ၁၃၀၈၀၊ Sai Vc Ingection အခု ၁၇၄၄၀၊ Pai Diclo Tablet ၉၉၄၅ ခု၊ Mask ၉၂၂၂ Kg၊ Blood Transfusion Set အခု ၇၂၀၀၊ Scalp Vein Set အခု ၁၀၄၀၀၊ Syringe အခု ၇၇၄၀၊ Needle အခု ၃၄၈၀၀၊ Face Shield အခု ၇၆၀ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်