နေပြည်တော် ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက နေပြည်တော် အချုပ်ထောင်သို့ သွားရောက်၍ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများအတွက် ဆေးဝါးများ၊ နေ့စဉ်သုံး ပစ္စည်း၊ တစ်ကိုယ်ရေသုံး ပစ္စည်းနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကို ပေးအပ်လှူဒါန်းသည်။
လှူဒါန်း
ထို့ပြင် အကျဉ်းသူ မိခင်နှင့်အတူ ပါရှိလာသော ကလေးငယ်များအတွက်လည်း ဖြည့်စွက် အစားအစာနှင့် ကလေးအသုံးအဆောင် ပစ္စည်းများကို အကျဉ်းသူ မိခင်များထံ လှူဒါန်းကြောင်း သိရသည်။
သတင်းစဉ်