Skip to main content

Jan 28, 2022

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2022

ဒုတိယအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး (2nd ASEAN Digital Ministers' Meeting - 2nd ADGMIN) ယနေ့နံနက် ၉ နာရီတွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Video Message ပေးပို့၍ အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2022

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မြန်မာတော်ဝင်ကျောက်စိမ်း စင်တာကုမ္ပဏီ၌ လောင်းကစားဖွင့်လှစ်လုပ် ကိုင်နေသည့် ကုမ္ပဏီပိုင်ရှင် ၂ ဦး၊ ဝန်ထမ်း ၉၆ ဦး၊ လောင်းကစားပြုလုပ်နေသူ ၆၂ ဦး စုစုပေါင်း ၁၆၀ ဦးတို့အား လောင်းကြေးငွေ ၂၄၉၀ သိန်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဇန်နဝါရီလ ၂၅ ရက်နေ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၌ ကလေးမွေးဖွားမည့်လူနာအား လိုက်ပါပို့ဆောင်သည့် လူမှုကူညီရေးယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးယာဉ်ပေါ်ပါ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး လူမှုကူညီ ရေးယာဉ်ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2022

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ဗီဇမျိုးကွဲ(အိုမီခရွန်)ရောဂါ ပျံ့နှံ့မှုမှာ မြင့်မားနေဆဲဖြစ် သည်။ အာရှ၊ ဥရောပနိုင်ငံများတွင် ရောဂါဖြစ်ပွားမှု စံချိန်တင်မြင့်တက်နေပြီး တစ်နေ့တည်း လူဦးရေထောင်သောင်းချီ၍ ကူးစက်ခံရသော နိုင်ငံများရှိသည်။ လွန်ခဲ့သည့်ရက်က ပြင်သစ်နိုင်ငံတွင် တစ်ရက်တည်းနှင့် လူငါးသိန်းကျော်၊ ဂျပန်နိုင်ငံတွင် တစ်ရက်တည်းနှင့်လူဦးရေခုနှစ် သောင်းကျော် စံချိန်တင်ကူးစက်ခံခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2022

နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်သည့် လှုံ့ဆော်မှု များလူမှုကွန်ရက်များတွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းလှုံ့ဆော်မှုများကို အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များက ၎င်းတို့၏ Facebook account များမှ ပြုလုပ်နေကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်နေ ထွန်းထွန်းဦး(ခ) အီးတီ (ဘ)ဦးတင်၊ အမှတ်(၉)ရပ်ကွက်နေ သက်နိုင်(ဘ)ဦးတင်ရီနှင့် အမှတ်(၃)ရပ်ကွက်နေ သူရဖြိုးဝေ(ဘ)ဦးကြည်ရွှင်တို့သည် အကြမ်းဖက်ဖောက်ခွဲရာတွင် အသုံးပြုသည့် ယမ်းစိမ်းများ အား လက်ဝယ်ထားရှိမှုနှင့် ထိန်းသိမ်းထားရှိရာတွင် အားပေးကူညီမှုတို့ကိုပြုခဲ့ကြသည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲစေတတ် သောဝတ္ထုပစ္စည်း များဆိုင်ရာ အက်ဥပဒေပုဒ်မ- ၄(ခ)/၆ အရ ဇန်နဝါရီ ၂၆ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ် ၂၀ နှစ် ” ပြစ်ဒဏ်အား အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ် နေသော အဖွဲ့အစည်းများလူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက် တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

ကယားပြည်နယ်အတွင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ထိတွေ့ တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ပွား ရာ နေရာများနှင့် လွတ်ကင်းသည့်နေရာများသို့ တိမ်းရှောင်လျက်ရှိသည့် လွိုင်ကော် မြို့ပေါ်အပါအဝင် အဆိုပါ ဒေသတစ်ဝိုက်မှ အပြစ်မဲ့ပြည်သူများအား နယ်မြေပြန်လည် တည်ငြိမ်အေးချမ်းပြီဖြစ်သည့် ၎င်းတို့၏ နေရာဒေသများ၌ ပြန်လည်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တိုက်ပွဲရှောင် ပြည်သူ ၄၃၉ ဦးတို့သည် ၎င်းတို့ နေရပ် အသီးသီး သို့ ထပ်မံ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်နှင့် ချမ်းအေးသာစံမြို့နယ်ရှိ “ဝိန့်လီ” ရွှေဆိုင်တို့ကို သေနတ်များ ပစ်ခတ်ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများနှင့်ငွေများ ဓားပြတိုက်၊ လုယက်ယူဆောင်သွားသူများကို ဒုစရိုက်မှုမလို လားသည့် ပြည်သူများ၏ ပူးပေါင်း ကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း”များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပ နိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-Cov-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး သည်တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ်၊ ၂/မြောက် ရပ်ကွက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ သဒ္ဒါရုံ၊ မင်းနန္ဒာအိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market)စနစ်ဖြင့် အသား၊ ငါး၊ ပုဇွန်၊ ကုန်စိမ်းနှင့် ကုန်ခြောက်မျိုးစုံ ရောင်းချပေးနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဈေးရောင်း/ ဈေးဝယ် ပြုလုပ်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့နံနက် ၆ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်တွင် ရှမ်းပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ မူဆယ်မြို့နယ်၊ တိန်းလုံကျေး ရွာ၊ကူးတို့ဆပ်အနီး ကွင်းပြင်တွင် Ethanol ဟု ယူဆရသော လီတာ (၂၀) ခန့်စီပါ ပလပ်စတစ်ပုံး (၂၉၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၄၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ (၁) ခု၊ ယာဉ်စီးရေ(၁)စီးဖြင့် နှာခေါင်းစီး (Mask) (၉) တန်ကို တင်သွင်းခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2022

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ (ပထမအဖွဲ့ ခွဲ) ဆရာတော်ကြီး (၉)ပါး၊ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) သင်ကြား/စီမံ၊ စာသင်သား သံဃာတော် (၂၄၉) ပါးတို့ကို ကာကွယ်ဆေးထိုးနှံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်