နေပြည်တော် ဇန်နဝါရီ ၂၉
နောင်ချိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇန်နဝါရီ ၁၇ ရက် နံနက် ၇ နာရီတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့ အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်မှ မန္တလေးသို့ စိုင်းအောင်ထွန်း မောင်းနှင်ပြီး စိုင်းလွတ်နှင့် စိုင်းဆာလူ တို့ လိုက်ပါလာသည့် VOXY မော်တော် ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)