Skip to main content

နေပြည်တော်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲ ပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၁

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် လူငယ်အားကစား ကွင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါ ထောက်ခံပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်ရှစ်မြို့နယ်မှ ထောက်ခံသူ ၁၈၀၀  ခန့်သည် “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပါသည်။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ထာဝစဉ်စည်းလုံးညီညွတ်ရေး၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် တိုးတက်မြင့်မားရေး၊ ပြည်ထောင်စု စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ထာဝရတည်တံ့ခိုင်မြဲရေး၊ အကြမ်းဖက် လူသတ် သမား NUG၊ PDF အစွန်းရောက် အကြမ်းဖက်သမားများအား ပြတ်ပြတ်သားသား ရှင်းလင်းချေမှုန်းရေး၊ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်နေမှု များချက်ချင်းရပ်၊ NUGi PDF များ အမြန်ဆုံးချုပ်ငြိမ်း ပါစေ၊ NUGi PDF မိုင်းထောင်၊ လူသတ်၊ ဓားပြတိုက် အဖျက်လုပ်ရပ်များ အမြန်ဆုံးချုပ်ငြိမ်းရေး၊ NUG၊ PDF အကြမ်းဖက် အဖွဲ့အစည်း လုံးဝအလိုမရှိ” စသည့် စာသားပါဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်