နေပြည်တော် ဇန်နဝါရီ ၃၁
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်၏ ဒါးကွင်းခြေကုပ်စခန်းအား KNLA တပ်မဟာ(၅)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဇန်နဝါရီလ ၃၀ ရက် ညပိုင်းတွင် လက်နက်ကြီး/ လက်နက်ငယ်များ အသုံးပြုပြီး သာလွန်အင်အားဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စခန်းမှလုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင် များက ပစ်ကူစစ်ကူများဖြင့် ပြန်လည်ခုခံ ပစ်ခတ်ထိန်းချုပ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား များ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း မိမိဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
KNLA တပ်မဟာ(၅)အဖွဲ့အနေဖြင့် ၎င်းတို့၏ အထက်အမိန့်များကို နာခံမှုမရှိဘဲ NCA စာချုပ်အား ချိုးဖောက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပျက်စီးရာ ပျက်စီးကြောင်း များကိုသာ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။
တပ်မတော်အနေဖြင့် နယ်စပ်ဒေသလုံခြုံရေးနှင့် လိုအပ်သည့် သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်