Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲများ ပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၁

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ကျင်းပသည်။

ထိုသို့ကျင်းပရာ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်၌လည်းကောင်း၊ ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်၌ လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့နှင့်တန့်ယန်းမြို့တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်တို့၌ လည်းကောင်း၊ မွန်ပြည်နယ် အတွင်းရှိ မြို့နယ်ငါးမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံမြို့ မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့တို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်၊ ဒဂုံမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နှင့် ချင်းပြည်နယ် ဟားခါးမြို့တို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်နှင့် ကရင်ပြည်နယ် သံတောင်ကြီး မြို့တို့၌လည်းကောင်း ထောက်ခံပွဲများ ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်သော မြန်မာ့ တပ်မတော်အား ထောက်ခံပါသည်၊ NUG၊ CRPH၊ PDF အကြမ်းဖက်သမား အလိုမရှိ၊ NUG၊ CRPHI PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်းရေး ပြည်ပစွက်ဖက်မှုအလိုမရှိ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလုပ်ငန်းစဉ်(၅) ရပ်အား ထောက်ခံပါ သည်၊ ပြည်ဖျက်သည့် CRPH၊ NUG၊ လူသတ်သည့် PDF ဆန့်ကျင်ကြ၊ NUG၊ PDF အကြမ်းဖက်မှု အမြစ်ဖြတ်၊ NUG၊ PDF အကြမ်းဖက်မှုတွေ မြင်အောင်ကြည့်၊ NUG၊ PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှုချက်ချင်းရပ်၊ အကြမ်းဖက်လူသတ်သမား PDF အဖွဲ့များ အမြန်ဆုံး ကျဆုံးပါစေ စသည့် စာသားပါဆိုင်းဘုတ်များအား ကိုင်ဆောင်ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်