Skip to main content

မြဝတီဘဏ် လီမိတက်၏ (၆၇)ခုမြောက် မြဝတီဘဏ်(မှော်ဘီ)ဘဏ်ခွဲဖွင့်လှစ်

နေပြည်တော် ဖေဖော်ဝါရီ ၅

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြဝတီဘဏ်လီမိတက်၏ (၆၇)ခုမြောက် မြဝတီဘဏ်(မှော်ဘီ)ဘဏ်ခွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ်ရှိ အဆိုပါဘဏ်ခွဲ၌ ပြုလုပ်ရာ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ မြဝတီဘဏ် ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘဏ်ခွဲကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘဏ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ မြဝတီဘဏ်ခွဲ(မှော်ဘီ)အား မှော်ဘီမြို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများဖြင့်  ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်