Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်၊ စားသောက်ကုန်၊ စိုက်ပျိုးရေးသုံးပစ္စည်းများနှင့် မော်တော်ယာဉ်အပိုပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်  ဖေဖော်ဝါရီ  ၅

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ဖေဖော်ဝါရီ ၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်ကုန်လှောင်ရုံ၌ လေဆိပ် ကုန်လှောင်ရုံ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ IDတွင်ကြေညာ ထားခြင်းမရှိသော လူသုံးကုန်၊ စားသောက်ကုန်၊စိုက်ပျိုးရေးသုံးပစ္စည်း များနှင့် မော်တော်ယာဉ် အပိုပစ္စည်းများ  ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၇၀၉၀၀ ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

အလားတူ ဧရာဝတီတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန က ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ တရားမဝင် သစ်ခွဲသားမျိုးစုံ ( ၁၁ ဒသမ ၁၇၈ တန် ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၈၂၄၃၂ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဖေဖော်ဝါရီ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူး၊ တောင်ငူနှင့် သာယာဝတီခရိုင်များ အတွင်း တရားမဝင်သစ်မျိုးစုံ ၁၁ ဒသမ ၄၅၇၈ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၆၁၀၀၀ ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ပါ၍ ဖေဖော်ဝါရီ ၄ ရက် နှင့် ၅ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲငါးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂၁၄၃၃၂ ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်