ရန်ကုန် ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး မြို့နယ် လူမှုဖူလုံရေးအဖွဲ့ နယ်မြေရုံးခွဲ ခြောက်မြို့နယ်၌ အကျုံးဝင်မှတ်ပုံတင်ထားသော လှိုင်မြို့နယ် အမှတ်(၈)သစ်စက်မှ အာမခံအလုပ်သမား ဦးအောင်မျိုး (လျှပ်စစ်ကျွမ်း ကျင်-၄) ၏ အလုပ်ခွင်ထိခိုက်ဒဏ်ရာရရှိမှုအတွက် လူမှုဖူလုံရေးအဖွဲ့က အမြဲတမ်းမသန်စွမ်းမှုနှင့် သက်ဆိုင်သည့် ငွေလုံးငွေရင်း ခံစားခွင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ရန်ကုန် တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇော်ဝင်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံ ရေးဥပဒေအကြောင်း ရှင်းလင်းပြောကြားပြီး ဦးအောင်မျိုး (လျှပ်စစ်ကျွမ်းကျင်-၄)၏အလုပ်ခွင် ထိခိုက်ဒဏ်ရာရရှိမှုအတွက် လူမှုဖူလုံရေးအဖွဲ့က အမြဲတမ်းမသန်စွမ်းမှုနှင့် သက်ဆိုင် သည့် ငွေလုံးငွေရင်း တစ်လုံးတစ်ခဲတည်းခံစားခွင့် ငွေကျပ် ၆၃၅၀၄၀၀ အား အလုပ်ဌာနတာဝန်ခံ၊ အလုပ်ဌာန ကိုယ်စားလှယ်တို့ရှေ့တွင် အကျိုးခံစားခွင့်ငွေကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လူမှု ဖူလုံရေးအဖွဲ့တွင် အလုပ်သမား ဆေးရုံကြီးနှစ်ရုံ၊ လူမှုဖူလုံရေး ဆေးခန်း ၂၂ ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်း၊ Mobile Medical Unit နှစ်စီး၊ ဌာနကြီး ၊ ဆေးခန်း ၁၆ ခန်း၊ PPS စနစ် (Capitation Payment) ဖွင့်လှစ်သည့် ဆေးခန်းငါးခန်း၊ PPS စနစ် (Fee for Service) ဖွင့်လှစ်သည့် ဆေးခန်း၁၀ခန်းတို့ဖြင့်အကျုံးဝင် မှတ်ပုံတင်စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၁၃၃၄၉ ဌာနနှင့် အကျုံးဝင် အာမခံအလုပ်သမား ၇၃၆၇၆၀ တို့အား ကျန်းမာရေးစောင့်ရှောက်လျက်ရှိပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရအ ကျိုးခံစားခွင့်များကိုလည်း ထုတ်ပေးလျက်ရှိသည်။
သတင်းစဉ်