Skip to main content

မုံးထမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော် ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မုံးထမြို့ရှိမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ဖေဖော်ဝါရီ ၄ ရက်တွင် အဆိုပါမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းက သွားရောက်တွေ့ဆုံသည်။

တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ဌာနဆိုင်ရာများအလိုက် တင်ပြချက်များအပါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများဝန်ထမ်းများ ကျန်မားရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်