Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတူယှဉ်နွှဲပျော်ဂီတပွဲတော်သီချင်းဆိုပြိုင်ပွဲ ကြည့်ရှုအားပေး

ရန်ကုန် ဖေဖော်ဝါရီ ၅

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်အတူ ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ပြည်သာယာရှိ မြဝတီမီဒီယာ စင်တာ၌ ပြုလုပ်သည့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် “တူယှဉ်နွှဲပျော် ဂီတပွဲတော် ” ဒုတိယအဆင့် စိတ်ကြိုက်သီချင်း  သီဆိုမှုပြိုင်ပွဲ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်မှုကို ကြည့်ရှုအားပေးသည်။

ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်

ပြိုင်ပွဲပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ်တို့သည် ပြိုင်ပွဲဝင်များ၊ အစီအစဉ် တင်ဆက်သူများနှင့် အကဲဖြတ်ဒိုင်အဖွဲ့အား လက်ဆောင်များပေးအပ်၍ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်သည်။

အဆိုပါ ဒုတိယအဆင့်ပြိုင်ပွဲတွင် တိုင်းရင်းသားပြိုင်ပွဲဝင်များ ဖြစ်ကြသည့် မကွေးတိုင်းဒေသကြီးမှ MF01 မြတ်နိုးစံ၊ ရန်ကုန် တိုင်းဒေသကြီးမှ MF02 ကြူကြူခိုင်၊ စစ်ကိုင်းတိုင်းဒေသ ကြီးမှ MF03 ရေဂျီနား၊ မန္တလေးတိုင်းဒေသကြီးမှ MF04 ဇော်ထွေးလတ်၊ ကချင်ပြည်နယ်မှ MF05 အရိန့်၊ ဧရာဝတီတိုင်းဒေသကြီးမှ MF06 ဇင်သူသူထွန်း၊ ဧရာဝတီတိုင်းဒေသကြီးမှ MF07 ချိုမီမီဇော်၊ ကရင်ပြည်နယ်မှ MF08 ချမ်းဟိန်းဝင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးမှ MF09 ဈာန်ထူး၊ ပဲခူး  တိုင်းဒေသကြီးမှ MF10 ချစ်နု စုစုပေါင်း ၁၀ ဦးက ယှဉ်ပြိုင်သီဆိုခဲ့ကြပြီး The Ensemble တေးဂီတအဖွဲ့က တီးခတ်ပေးခဲ့ခြင်း ဖြစ်သည်။

အမှတ်ပေးမှုဖြင့်ဆောင်ရွက်

တူယှဉ်နွှဲပျော် ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ စတင်၍ အပတ်စဉ် သောကြာနေ့ညတိုင်း ကျင်းပခဲ့ရာ အုပ်စုပြိုင်ပွဲများဖြစ်သော ပထမအဆင့်ပွဲစဉ်တွင် အကဲဖြတ်ဒိုင်အဖွဲ့၏ အမှတ်ပေးမှုဖြင့် ဆောင်ရွက်ခဲ့သည်။

ဒုတိယအဆင့်နှင့် တတိယအဆင့်ပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များ အမှတ်ပေးမှုအပြင် ပရိသတ်များအနေဖြင့် MPT နှင့် Mytel Sim Card များကို အသုံးပြု၍ Voting မဲပေးနိုင်မည်ဖြစ် သည်။ မိမိတို့ ကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်ကို Voting Time သတ်မှတ်ချိန်အတွင်း SMS ပေးပို့  မဲပေးခြင်းကို အရေအတွက်  အကန့်အသတ်မရှိဘဲ MPT Sim Card များမှ ကုတ်နံပါတ် “7522" သို့လည်းကောင်း ၊ Mytel Sim Card များမှ ကုတ်နံပါတ် “ 7575 "သို့လည်းကောင်း SMS ဖြင့် ပြိုင်ပွဲ ဝင်၏ MF နံပါတ်ကို ရိုက်နှိပ်၍ ပေးပို့နိုင်ကြောင်း သိရသည်။

ပွဲစဉ်၏ နောက်ဆုံးနှစ်ပွဲကိုလည်း ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ ၌ ဖေဖော်ဝါရီ ၆ ရက် (တနင်္ဂနွေနေ့)နှင့် ဖေဖော်ဝါရီ ၁၁ ရက် (သောကြာနေ့) ညများတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်