Skip to main content

တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

နေပြည်တော် ဖေဖော်ဝါရီ

နေပြည်တော်၌ ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုဖျော်ဖြေပွဲတွင် ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရ နေရာများသို့ သွားရောက်လေ့လာကြသည်။

တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့နံနက်ပိုင်းမှစတင်၍ အထင်ကရနေရာများဖြစ်သည့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) တိရစ္ဆာန်ဥယျာဉ်၊ နက္ခတ်တာရာပြခန်း၊ အမျိုးသားပြတိုက်နှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုများကို အဖွဲ့နှစ်ဖွဲ့ခွဲ၍  သွားရောက်လေ့လာကြသည်။

ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် နော်ကြူကြူသန်းကအခုလို လေ့လာရေးခရီးစဉ်တွေ သွားရတဲ့အတွက် ကလေးတွေ ဝမ်းသာကြပါတယ်။ အမျိုးသားပြတိုက်ကို ရောက်ရှိခြင်းအားဖြင့်လည်း ကျွန်မတို့တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ ရှေးဟောင်းအမွေနှစ် တွေကို လေ့လာခွင့်ရတဲ့အတွက် ဗဟုသုတတွေ တိုးပွားရပါတယ်ဟု ပြောသည်။

တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့တွင် ကချင်ပြည်နယ်မှ ၃၃ ဦး၊ ကယားပြည်နယ်မှ   ၂၈ ဦး၊  ကရင်ပြည်နယ်မှ  ၄၀ ဦး၊ ချင်းပြည်နယ်မှ  ၃၇ ဦး၊ မွန်ပြည်နယ်မှ ၃၄ ဦးနှင့် ရခိုင် ပြည်နယ်မှ  ၃၅ ဦး ပါဝင်ကြောင်းသိရပြီး  လေ့လာရေးခရီးစဉ် ဒုတိယနေ့အဖြစ် ဖေဖော်ဝါရီ ၇ ရက်တွင် ဥပ္ပါတသန္တိစေတီတော်၊ နေပြည်တော်ဗုဒ္ဓဂါယာ၊ ရေပန်းဥယျာဉ်၊ ကျောက်မျက် ရတနာပြတိုက်၊ လွှတ်တော်အဆောက်အအုံနှင့် Junction Centre တို့သို့ သွားရောက်လေ့လာကြမည် ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်