Skip to main content

Oct 08, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဥပဒေအမှတ် (၂၆/၂၀၂၁)ဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ အမျိုးသားစီမံကိန်းဥပဒေကို စက်တင်ဘာလ ၃၀ ရက်နေ့က ပြဋ္ဌာန်းလိုက်သည်။ ဤ ဥပဒေသည် ၂၀၂၁-၂၀၂ဘဏ္ဍာနှစ် ၂၀၂၁ ခုနှစ် အောက်တို ဘာလ၁ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဒုတိယ(၆)လတာကာလအတွက် ဆောင်ရွက်ရမည့် အမျိုးသား စီမံကိန်းဥပဒေဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2021

မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေး ကတ်တစ်ခု ကိုင်ဆောင်ထားကြရမည်။ ဤသည်မှာ မြန်မာနိုင်ငံတွင် နေထိုင်သော နိုင်ငံသားတစ်ဦးဖြစ်ကြောင်း သက်သေခံအထောက် အထားတစ်ခုဖြစ်သကဲ့သို့ နိုင်ငံသားအရည်အချင်းနှင့် ပြည့်စုံသော နိုင်ငံသားတစ်ဦးအတွက် အခွင့်အရေးတစ်ခုလည်းဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံတစ်ခု၏ နိုင်ငံသားတစ်ဦးအနေဖြင့် ခိုင်မာသောအထောက်အထားတစ်ခုကို ကိုင်ဆောင် ထားခြင်းက စည်းကမ်းနှင့်အညီ နေထိုင်ခြင်းလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2021

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ Mother Industrial Co.,Ltd. စက်ရုံသို့ သွားရောက်လေ့လာကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2021

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံး၊ ရန်ကုန် မြို့တော်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2021

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းနှင့် တာမွေမြို့နယ်ရှိ ကျိုက္ကဆံ အားကစားကွင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီအဝိုင်းအနီး ပြည်လမ်းမကြီးတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2021

(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကာ၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းတွင် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ComponentIIIတွင်ရှိသောယုန်လွှတ်ကျွန်းသို့ရောက်ရှိပြီးပြည်ထောင်စုဝန်ကြီးကပုဂံအစယုန်လွှတ်ကျွန်းကဖြစ်၍ယုန်လွှတ်ကျွန်းသည်သမိုင်းကြောင်းတန်ဖိုးကြီးမား၍မပျက်မ ယွင်းအောင် ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် တူးဖော်သုတေသနလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း တာဝန်ရှိသူများကိုမှာကြား သည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2021

SEAMEO BIOTROP ၏ (၅၉)ကြိမ်မြောက် အုပ်ချုပ်ရေးဘုတ်အဖွဲ့ အစည်းအဝေးကို အင်ဒိုနီးရှား နိုင်ငံ၊ ဘိုဂေါမြို့၊ IPB အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် အောက်တိုဘာ ၅ ရက်မှ ၆ ရက်အထိ Virtual Online ဖြင့် ကျင်းပရာ မြန်မာနိုင်ငံမှ SEAMEO BIOTROP ၏ ဘုတ် အဖွဲ့ဝင်ဖြစ်သော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့် တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2021

တိရစ္ဆာန်နှင့် ငါးမွေးတောင်သူများ အကျိုးစီးပွား ဖြစ်ထွန်းစေရေး၊ ပုဂ္ဂလိကကဏ္ဍ အားကောင်း လာစေရေး၊ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် သား၊ ငါးကဏ္ဍအပါအဝင် မွေးမြူရေးကဏ္ဍ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး Action Plan ရေးဆွဲရန် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2021

အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ တရားရုံးချုပ်မှကြီးမှူး၍ “(၉) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ် များကောင်စီ အစည်းအဝေး (The 9th Meeting of the Council of ASEAN Chief Justices)” ကို ယနေ့ နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် နေပြည်တော်ရှိ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးမှ ပါဝင်တက် ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2021

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ရဲမှူးကြီး ကိုကိုလွင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်စက်မှုဇုန်အတွင်းနှင့်စက်မှုဇုန်အပြင်ရှိရွှင်ထိုက်ထရိတ်ဒင်းကုမ္ပဏီလီမိတက် ပလတ်စတစ်စက်ရုံ၊MAYLPAgiricultureCo.,Ltdစပါးအခြောက်ခံစက်လုပ်ငန်း၊မြန်မာရွှေသစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများသို့ သွားရောက်၍ လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2021

နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲ လေးဘဏ်မှ တောင်သူများ အား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြား ချက်များနှင့်အညီ ဆက်လက်ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး၊ အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာရရှိစေရေးအတွက် ပန်းဘဲတန်း မြို့နယ်ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန

ဆက်လက်ဖတ်ရှုရန်

Oct 07, 2021

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာသို့ လာရောက် တိမ်းရှောင်လျက် ရှိသည့် ကုန်းပေါင်၊ ကုန်းယန်း၊ လွယ်ဆိုင်းနှင့် ဟိုခဲကျေးရွာတို့မှ တိုက်ပွဲရှောင်ပြည်သူ ၂၉၉၃ ဦးတို့ကို အောက်တိုဘာ ၅ ရက်တွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဆန်၊ ကုလားပဲ၊ ခေါက်ဆွဲ ခြောက်များ၊ ရွှေဖီဦးလက်ဘက်ရည်ထုပ်များနှင့် အဝတ်အထည်များကို သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 

ဆက်လက်ဖတ်ရှုရန်

Oct 07, 2021

ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူ တင်သွင်းခဲ့သည့် စားအုန်းဆီများကို တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် (၃၇၀ဝိ/-) နှုန်းဖြင့် စက်တင်ဘာ ၂၀ ရက်မှ စတင်ရောင်းချ လျက်ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ အတွက် စားအုန်းဆီ ပိဿာ (၄,၆၀၃,၇၂၀) ၊ တန်ချိန် (၇၅၂၂) တန်ရောင်းချခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်