Skip to main content

မတ္တရာမြို့နယ် ကင်းကျေးရွာရှိ တောင်ကျောင်းဆရာတော်အား PDF အမည်ခံ အကြမ်းဖက် သမားများက ရက်စက်စွာသတ်ဖြတ်

နေပြည်တော် ဧပြီ ၃

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော် အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများနှင့်  စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊  ဆရာ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများကို ရက်စက်စွာ  လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ် လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာပိုင် အဆောက်အအုံများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့်  ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက် ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ  ယနေ့နံနက် ၆ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကင်းကျေးရွာရှိ တောင်ကျောင်း ဆရာတော်   ဘဒ္ဒန္တ သုစရိတ   (သိက္ခာ  ၂၇ ဝါ၊ သက်တော် ၄၇ နှစ်) သည် အခန်းအတွင်း သီတင်းသုံးနေစဉ် PDF အမည်ခံအကြမ်းဖက်သမား ၁၀ ဦးခန့်က ဘုန်းတော်ကြီးကျောင်းအတွင်းသို့ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး  ဘုန်းတော်ကြီးကျောင်းအတွင်းရှိ  ကိုရင်များနှင့် ကပ္ပိယများကို  အကြမ်းဖက်သမား   ခုနစ်ဦးခန့်က   သေနတ်ဖြင့် ချိန်ရွယ်ထားပြီး   ကျန်အကြမ်းဖက်သမားများက   ဆရာတော်အား သေနတ်ဖြင့် ၁၁ ချက်ခန့် ရက်ရက်စက်စက်ပစ်ခတ်၍ ဆိုင်ကယ်များ ဖြင့် ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဆရာတော်သည် နောက်ကျော  ကျည်ဖောက် ဝင်ဒဏ်ရာ၊ ယာနားအောက် ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝမ်းဗိုက်  ကျည်ဖောက်ဝင်ဒဏ်ရာနှင့် ဝဲလက်ဖျံကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် ပျံလွန်တော်မူခဲ့ပြီး ဆရာတော်၏ ရုပ်ကလာပ်အား မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ အား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ပိတ်ဆို့ရှာ ဖွေလျက်ရှိကြောင်း သိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများသည် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ဆရာတော်၊ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင် ဆရာကြီး၊ ဆရာလေးများကိုပါ မကျန် ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ရက်စက်စွာသတ်ဖြတ်ခြင်းတို့ကိုလုပ်ဆောင်လျက်ရှိရာ ယနေ့အထိ   သံဃာတော် ၃၂ ပါးနှင့် သာသနာ့ နွယ်ဝင်   သီလရှင်   တစ်ပါးတို့     ပျံလွန်တော်မူခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ သတင်းများရရှိပါက   သက်ဆိုင်ရာသို့   လျှို့ဝှက်စွာသတင်းပေးပို့ တိုင်ကြား ပေးခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

သတင်းစဉ်