Skip to main content

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဧပြီ ၂

တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များကမြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်း ခြင်း၊နေ့ဆွမ်းများဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ်(၂/ခ) ရပ်ကွက်ရှိ ပန်းခြံကုန်းကျောင်းတိုက်၊ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်ရှိ ပုညာရာမ ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းမြို့ရှိ ကျောင်းတောင် တောရကျောင်းတိုက်၊ ပဓာနိကာရာမ ကျောင်းတိုက်၊ ပုသိမ်မြို့ရှိ အောင်မင်္ဂလာကျောင်းပရိယတ္တိစာသင်တိုက်၊ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ တြွိတဲ ဘုန်းတော်ကြီးကျောင်း၊ အမ်းမြို့ရှိ ဓမ္မသုခ ဝိပဿနာဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ယင်းမာပင်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ မိတ္ထီလာမြို့ နယ် မုန်တိုင်ကျေးရွာရှိ ဖလံကျင်းဘုန်းတော် ကြီးကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သုံးဆယ်မြို့ဘုရားကြီးရပ်ကွက်ရှိ မဟာထူပါရုံပရိယတ္တိစာသင်တိုက်တို့မှ ဆရာတော်၊ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်း များနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသတင်းရရှိသည်။

သတင်းစဉ်